...ဟာဂျူလီ(ကသာ)



ထီးချိုင့်မြို့မှ လူထုအော်သံ *********************

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

ဆရာဟာဂျူလီ(ကသာ) ခင်ဗျား...
ကျွန်တော်ကတော့ ထီးချိုင့်မြို့မှ တရားဥပဒေကို မြတ်နိုးသူတစ်ဦး ဖြစ်ပြီး ဆရာရဲ့ ဖေ့ဘွတ်နှင့် ၀က်ဆိုဒ်ကို နေ့စဉ်ဝင်ရောက် ကြည့်ရှုနေသူလည်း
ဖြစ်ပါတယ်၊ဆရာရဲ့ ရေးသားမှုထဲမှာ ကျွန်တော်တို့ခံစားနေရတာတွေ ကျွန်တော်တို့ ပြောပြချင်နေတာတွေ ပါနေလို့ သဘောလည်း ကျပါတယ်ဆရာ၊
အခုလည်း ကျွန်တော် တရားဥပဒေကို အညီအမျှဖြစ်စေချင်လို့ စက်တင်ဘာလ(၁၂)ရက်နေ့ ထီးချိုင့်မှာ ဖြစ်သွားတဲ့ ဖြစ်စဉ်တစ်ခုကို ဓါတ်ပုံနှင့်တကွ
ရေးသားပေးပို့လိုက်ပါတယ်ဆရာ၊ ၁၂.၉.၂၀၁၃ရက်နေ့က ထီးချိုင့်မြို့အမှတ်(၂)ရပ်ကွက်၊ဥယာဉ်ကုန်းရပ်ထဲမှာ ခရီးသည်တင်မှန်လုံကားတစ်စီး တိမ်းမှောက်ခဲ့ပါတယ်၊
မှောက်တဲ့ကားက အောင်လံတော်သားအသင်းက မန္တလေးကနေ ကသာထွက်လာတဲ့ကား( ၂ခ/၉၃---)ဖြစ်ပြီး ယာဉ်မောင်းက အသက်(၄၅)နှစ်ရှိဦးဝင်းညို(အဖ-ဦးဖိုးခွေး-
မန္တလေးမြို့)ဖြစ်ပါတယ်၊ကားမှောက်မှုကြောင့် ကားမှန်တွေ ကွဲပေမယ့် လူထိခိုက်မှုတော့ မရှိပါဘူး၊အဲဒီကားဟာ ခရီးသည်တင်ကားဖြစ်ပေမယ့် ကုန်အပြည့်တင်လေ့ရှိတော့
ခရီးသည်များ တစ်ယောက်မှ လိုက်ပါလာမှု မရှိပါဘူး၊ဒါအပြင် ကားမှောက်တဲ့နဘေးမှာ လူတစ်ယောက်မှ မရှိလို့ ကံကောင်းသွားကြတာပါ၊
ပြောချင်တာကဆရာရေ၊ အဲဒီလိုမြို့အ၀င်မှာ လူတိုင်းသိအောင် ဖြစ်ခဲ့တဲ့ ယာဉ်မှောက်မှုကို ရဲက အမှုမဖွင့် အရေးမယူဘဲ ပိုက်ဆံယူပြီး ပြန်လွတ်လိုက်တဲ့ကိစ္စပါဆရာ၊
ယူတဲ့သူက နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်-------- ဆိုတဲ့သူပါ၊ဒီလို ဥပဒေစိုးမိုးရေးလို့ အထက်လူကြီးတွေ ပြောနေပေမယ့် အောက်ခြေမှာတော့ ရဲက ဥပဒေကို
သူတို့ ပိုင်ဆိုင်သလို လုပ်ချင်တိုင်း လုပ်နေတာကို အထက်ကလူကြီးတွေ သိစေချင်လို့ ဆရာ့တို့ထံ စာရေးပြီး တိုင်ကြားလိုက်ခြင်းဖြစ်ပါတယ်ဆရာ၊ကျွန်တော်တို့ဆီကရဲတွေက
ဆိုင်ကယ် မတော်တဆလဲရင်တောင် ပိုင်ဆံမရရင် အမှုဖွင့် မယ်တကဲကဲ လုပ်တတ်ကြပြီ့း် အခုလို မှန်လုံကားတိမ်းမှောက်တာကိုတော့ မသိချင်ယောင်ဆောင်ပြီး
ပြန်လွတ်တာမျိုးကို မဖြစ်သင့်ပါဘူးဆရာ၊အဲဒါကြောင့် ကျွန်တော်ရဲ့ ဒီစာလေးကို လူထုအသံ အနေနဲ့ ဆရာတို့ ၀က်ဆိုဒ်မှာ တင်ပေးစေချင်ပါတယ်၊
လေးစားစွာဖြင့် တရားဥပဒေကို မျှတစေချင်သူတစ်ဦး
အမှတ်(၂)ရပ်ကွက်၊ထီးချိုင့်မြို့

Share on Facebook

by herjulekatha
View 458 times
Posted Date September 18, 2013, 8:49 am
Modified Date September 18, 2013, 8:49 am


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved