...ဟာဂျူလီ(ကသာ)



ကျွန်တော် မွေးနေ့မှာ အစ်ကိုဆရာ ဖြစ်တဲ့ APK ရဲ့ ကျွန်တော်ကာတွန်းစာအုပ်အတွက် ရေးပေးခဲ့တဲ့ မိတ်ဆက်စာကလေး မှတ်မှတ်ရရ အနေနဲ့ ပြန်တင်ပေးလိုက်ပါတယ်..( ဟာဂျူလီ-ကသာ) ===============================

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

ကျွန်တော် မွေးနေ့မှာ အစ်ကိုဆရာ ဖြစ်တဲ့ APK ရဲ့ ကျွန်တော်ကာတွန်းစာအုပ်အတွက် ရေးပေးခဲ့တဲ့ မိတ်ဆက်စာကလေး မှတ်မှတ်ရရ အနေနဲ့ ပြန်တင်ပေးလိုက်ပါတယ်..( ဟာဂျူလီ-ကသာ)
===============================
သတင်းကာတွန်းဆရာ ဟာဂျူလီကို စသိတော့ ကာတွန်းဝါသနာပါတဲ့ သတင်းသမား။ ကာတွန်းထက် သတင်းကို ဝါသနာပိုတယ်။ သတင်းအရေးကောင်းလို့ ပြေးရတာလည်း အကြိမ်ကြိမ်။ ပြေးပေါက်တော့ မမှားဘူးဗျ။ မန္တလေးက အမေ့အိမ်နဲ့ ကသာက မိန်းမအိမ်ကို တစ်လှည့်စီ ပြေးနေတာ။ ဟန်ကို ကျလို့။ ကသာအာဏာပိုင်က ပြန်လာရင် ဖမ်းမှာလို့ ပြောတဲ့အခါ ရှိသလို၊ နောက်တက်လာတဲ့ လူနဲ့က အဆင်ပြေတယ်- ပြန်လိုက်ဦးမယ်၊ အခု အဆင် မပြေတော့ဘူး၊ ကျွန်တော်ရေးလိုက်တဲ့ သတင်းတစ်ပုဒ်အပေါ် အစာမကြေလို့ မန္တလေးကို ရောက်နေတယ် . . . စသဖြင့် ကြားရတာ အကြိမ်ကြိမ်။ ခုခေတ်ပြောင်းလာတော့ မြို့ပြေးဘဝက လွတ်လောက်ပြီ ထင်တာပဲ။ ခေတ်ပြောင်းကာလမှာ ဟာဂျူလီရဲ့ သတင်းတွေထက် ကာတွန်းတွေကို အတွေ့များလာတယ်။ အထူးသဖြင့် အွန်လိုင်းပေါ်မှာ။ အွန်လိုင်းက ချက်ခြင်းတင်လို့ရတာဆိုတော့ လတ်လတ်ဆတ်ဆတ် ကြိုက်တတ်တဲ့ သတင်းကာတွန်းဆရာ ဟာဂျူလီတို့ သဘောကျပေါ့။ သတင်းပေါများတဲ့ကာလမှာ သတင်းဝါသနာပါတဲ့ ကာတွန်းဆရာကလောင်မှာ မင်တွေ ဒလဟော စီးတော့တာပဲ။ ဟောတစ်ပုံ၊ ဟောတစ်ပုံ ကာတွန်းတွေ အွန်လိုင်းပေါ်တက်လာတယ်။ အင်တာနက်သုံးတဲ့ ပရိသတ်ကလည်း ပူပူနွေးနွေး အထေ့အငေါ့လေးတွေကို အရသာတွေ့တာပေါ့။ Like လုပ်ကြတာ အများကြီး။ ကာတွန်းမှာ သတင်းထက် တစ်ပန်းသာတာ ရှိတယ်။ သတင်းတစ်ပုဒ် ရေးဖို့ အချက်အလက်တွေ တတ်နိုင်သမျှ စုံလင်အောင် စုရတယ်။ ခရီးသွားရတယ်။ ခိုင်လုံအောင် မေးမြန်းစုံစမ်းရတယ်။ အဖြစ်အပျက်မှာ အဖြစ်ကို ပိုအားစိုက်ရတယ်။ ဘာဖြစ်လို့ ဘာပျက်တာတုန်း။ ကာတွန်းကတော့ အပျက်ကို လူအများနဲ့ ထပ်တူခံစားပြီး ရေးလိုက်လို့ရတယ်။ ဖြစ်တဲ့အကြောင်းရင်း တရားခံကိုတော့ မမှားဖို့ လိုတယ်။ ဒါကလည်း မြန်မာပြည်မှာ သိပ်မခက်ပါဘူး။ အများစုက တရားခံအတူတူပဲကိုး။ ဟာဂျူလီ ကာတွန်းပိုရေးဖြစ်တာ ကျွန်တော်ကတော့ ကြိုက်တယ်။ သတင်းသမား များပြီး၊ ကာတွန်းဆရာက ရှားတယ်။ အင်တာနက်သုံးတဲ့သူတွေက နိုင်ငံတကာမီဒီယာနဲ့ အလှမ်းမဝေးဘူး။ တော်ရုံနဲ့ အွန်လိုင်းပေါ်မှာ လက်ခံနိုင်တဲ့ ကာတွန်းဆရာဖြစ်ဖို့ မလွယ်ဘူး။ အွန်လိုင်းပေါ်မှာ တင်နေတဲ့ ကာတွန်းဆရာတွေကလည်း ပုံနှိပ်မီဒီယာလို စာမူခ မရပေမယ့် ပျော်ကြတယ်။ ကိုယ်ရေးချင်တာကို ချက်ခြင်းရေးပြီး တင်လိုက်လို့ ရတယ်။ ဘယ်အယ်ဒီတာစားပွဲကိုမှ ဖြတ်စရာ၊ စောင့်စရာ မလိုဘူး။ တင်ပြီး စက္ကန့်ပိုင်းအတွင်း ပရိသတ်ရဲ့တုံ့ပြန်မှုကို ရတယ်။ ဝေဖန်ထောက်ပြမှုကိုလည်း သိခွင့်ရတယ်။ ခုထိတော့ အွန်လိုင်းပေါ်က မိမိကို ဝေဖန်တာ (comments) တွေအပေါ် မြန်မာကာတွန်းဆရာတွေ ဆတ်ဆတ်ထိမခံ တုံ့ပြန်တာ မတွေ့ရလို့ သာဓုခေါ်ပါတယ်။ အရင်တစ်ခေတ်က ကျီးကန်းတွေလို ပြန်အာတယ်လို့ အပြောခံရဖူးတယ်လေ။ သူများကို ဝေဖန်တဲ့သူဟာ အဝေဖန် ခံနိုင်ရမယ်။ လုံးဝပြည့်စုံတဲ့သူဆိုတာ ရှားတယ်။ မသေမချင်း လေ့လာသင်ယူနေရမှာ။ ပိုသိလာလေ၊ လိုအပ်နေတဲ့ လောကအကျိုးကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်လေပဲ။ သတင်းကာတွန်းဟာ ဒီခေတ်ကာလရဲ့ လိုအပ်ချက်။ လိုတာ ဖြည့်တယ်။ ကောင်းတာပေါ့။( အော်ပီကျယ် ၂၀၁၃၊ မတ်လ)

Share on Facebook

by herjulekatha
View 451 times
Posted Date September 23, 2013, 8:14 pm
Modified Date September 23, 2013, 8:14 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved