...ဟာဂျူလီ(ကသာ)



နိုင်ငံတကာရောက် မြန်မာတွေလည်း သိစေချင်လို့..(ဟာဂျူလီ-ကသာ) *********************************************

ခက်တော့လည်း အခက်သားကလား၊ သူတို့အနေနဲ့ ကိုယ့်ကို ဘာများအောက်မေ့နေတယ် မသိဘူး၊ သူတို့ တတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ စဉ်းစားလို့ မရတဲ့ပြဿနာတွေဆိုရင် ကိုယ့်ဆီကို လှမ်းပြီး
အကြံဥာဏ် လှမ်းတောင်းကြလေ့ရှိတယ်၊ဆရာရေ ဘယ်လို လုပ်ရင် ကောင်း မလဲပေါ့၊အကြံဥာဏ်လေး ပေးပါဦးပေါ့၊
အခုလည်း အမေရိကန်မှာ ရှိတဲ့ မိတ်ဆွေတစ်ယောက်က လှမ်းပြီး အကြံဥာဏ်တောင်းပါတယ်၊မိတ်ဆွေလို့သာပြောရတာ ကိုယ့်အသက်ထက် ခေါက်ချိုးလောက်တော့ ငယ်ပါသေးတယ်၊အဲဒီမိတ်ဆွေလေးက ပုဂ္ဂိုလ်ရေး
ကိုယ်ရေးကိုယ်တာ လှမ်းမေးတာဖြစ်ပေမယ့် ကျွန်တော်ဖြေပေးမယ့်အဖြေက နိုင်ငံတကာရောက် မြန်မာလူငယ်တွေအားလုံး စဉ်းစားနိုင်ဖို့ အတွေးတစ်ခု ရနိုင်တာကြောင့် ကျွန်တော်အခုလို တင်ပေးလိုက်တာ ဖြစ်ပါတယ်၊
သူရေးပြီးတောင်းတဲ့ အကြံဥာဏ်တောင်းစာ အရှည်ကြီးဖြစ်ပေမယ့် လိုရင်းကတော့ သူဟာ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က မလေးရှားမှာ သွားအလုပ်လုပ်ခဲ့တဲ့အကြောင်း ၊ အဲဒီကနေ usကို သွားခဲ့ပြီး Green Card ဖြင့်နေထိုင်
နေသည်မှာ နှစ်အနည်းငယ် ကြာပြီဖြစ်တဲ့အကြောင်း၊သူဟာ အမေရိကန်နိုင်ငံသားများ ကိုင်ဆောင်သော Passport လျောက်ထားပြီး နောက်ထပ် တစ်လခန့်ကြာလျှင် သွားရောက်လည်ပတ်ခွင့် ရရှိတော့မည် ဖြစ်တဲ့အကြောင်းနဲ့
အဲဒီလို လည်ပါတ်ခွင့်ရရင် သူ့အပေါင်းအသင်းဟောင်းတွေ ရှိနေတဲ့ မလေးရှားကို သွားလည်လိုတဲ့အကြောင်း၊သူဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်လို့မလေးရှားကို သွားလည်ရင် အန္တရာယ် ရှိနိုင် မရှိနိုင် ဆရာအနေနဲ့
စဉ်းစားပြီး အကြံဥာဏ်ပေး ပေးပါဦးတဲ့၊သူရဲ့စာကို ကျွန်တော် အခုလိုပဲ ပြန်ဖြစ်လိုက်ပါတယ်၊
မိတ်ဆွေလေးခင်ဗျား...
အခုလို တလေးတစား အကြံဥာဏ်တောင်းလာတဲ့အတွက် ဦးရဲ့ တွေးကြည့်မိတဲ့ အတွေးလေးကို ပြောပြပါ့မယ်၊ အမှန်အတိုင်း ပြောရရင်တော့ ဒီအကြံဥာဏ်က ဦးကိုမမေးဘဲ မလေးရှားမှာ ရှိနေတဲ့ မိတ်ဆွေလေးရဲ့
မိတ်ဆွေ အပေါင်းအသင်းတွေကို မေးကြည့်ဖို့ ကောင်းတာပါ၊ဒါပေမယ့်လည်း မလေးရှားမှာ ရှိနေတဲ့ မိတ်ဆွေလေးရဲ့ အပေါင်းအသင်းတွေ လူငယ်ချင်း အချင်းချင်း တွေ့ချင်ဇော အားကြီးတာရယ်၊ပေါ့ဆဆတွေးလိုက်တာရယ်ကြောင့်လည်း
အမှားတွေ အကြံဥာဏ်ပေးမိရင် အခက်ဆိုတော့ ဦးကပဲ အဖြေ ပေးလိုက်ပါတော့မယ်၊ ပြောရရင်ဒီအချိန် ဒီကာလမှာ လုံးဝ မသွားသင့်ပါဘူး၊ အခြေအနေဆိုး မဖြစ်ခဲ့ဘူးလို့ သာမန်တွေးလို့ ရပေမယ့် ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့
အဲဒီ ခရီးစဉ်ကို ဖျက်လိုက်စေချင်တယ်၊ လူ့ဘ၀ရဲ့ အသက်တစ်ချောင်းဟာ မလိုအပ်ဘဲ ကံစမ်းဖို့ သင့်တဲ့အရာ မဟုတ်ပါဘူး၊
အဲဒီလိုအကြံပေးရင်း ဦးတွေးမိလိုက်တာ တစ်ခုရှိသေးတယ်၊ မိတ်ဆွေလေး သွားတွေ့ချင်တယ်ဆိုတဲ့ အပေါင်းအသင်းဟာ ယောက်ျားလေးရော ဟုတ်ရဲ့လား၊ဲ့ အပေါင်းအသင်းထက် ပိုလွန်တဲ့ မိန်ကလေး များလားလို့ပေါ့၊
သို့ပေမယ့် ဦးရဲ့တူရင်း သားရင်းလို အကြံဥာဏ်ပေးရရင်တော့ ဘာအကြောင်းနဲ့မှ ဒီအချိန် မလေးရှားကို မသွားသေးတာဟာ အကောင်းဆုံးပါပဲ၊
တကယ်လို့ မဖြစ်မနေ မလေးရှားမှာ ရှိနေတဲ့ အပေါင်းအသင်းကို တွေ့ရမှ ဖြစ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ချိန်းချက်ဆုံပြီးတွေ့လိုက်ကြပါ၊မြန်မာနိုင်ငံဟာ တရားဝင်လာတဲ့ နိုင်ငံခြားသားတွေအတွက် မလေးရှားနိုင်ငံထက်
ပိုပြီး စိတ်ချ လုံခြုံတဲ့ နိုင်ငံဖြစ်ပါတယ်၊ဒီတော့ မိတ်ဆွေလေးအနေနဲ့ ကိုယ့်မြေ မှာကိုယ် လုံခြုံပျော်ရွှင်စွာနဲ့ ကိုယ်တွေ့ချင်တဲ့ အပေါင်းအသင်းတွေကို တွေ့ဆုံကြပါလို့ အကြံပေးလိုက်ရပါတယ်.။
ဟာဂျူလီ(ကသာ)

Share on Facebook

by herjulekatha
View 433 times
Posted Date September 27, 2013, 9:25 pm
Modified Date September 27, 2013, 9:25 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved