...ဟာဂျူလီ(ကသာ)



မန္တလေးဘူတာကြီးမှာ ရထားလက်မှတ်ဝယ်ရင် ၀န်ထမ်းချင်းတောင် လဘက်ရည်ဘိုး ပေးနေရတုန်းပဲ လို့ ရင်ဖွင်လာခဲ့တဲ့ ၀န်ထမ်းတစ်ဦး၏ ပေးစာ

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

ဆရာဦးဟာဂျူလီ ခင်ဗျား..
ကျွန်တော်ဟာ ကသာမြို့မှာနေထိုင်ခဲ့ပြီး အခု သံတွဲဆေးရုံမှာ အနာကြီးရောဂါ တိုက်ဖျက်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ
တစ်ဦးဖြစ်ပါတယ်၊ကိုယ့်မြို့ ကိုယ့်ဇာတိနဲ့ ဝေးကွာရာမှာ တာဝန်ထမ်းဆောင်ရတဲ့ လခစားနိုင်ငံဝန်ထမ်း ဖြစ်တာနဲ့ အညီ မိသားစု
စားဝတ်နေရေး လောက်ငရေးအတွက် အတော်ကို စည်းစနစ်နဲ့ နေထိုင်စားသောက် ရပါတယ်၊ဒီလို နေထိုင်စားသောက်ရပေမယ့်
ကျွန်တော်ကတော့ ပျော်ပါတယ်ဆရာ၊ဘာဖြစ်လို့လည်းဆိုတော့ ငါဟာ ကိုယ်လုပ်နိုင်သလောက်နဲ့ နိုင်ငံဝန်ကို ထမ်းဆောင်နေတယ် ဆိုတဲ့
အတွေးကြောင့်ပါ၊
အခု ကျွန်တော်ရေးလိုက်တဲ့ ပေးစာပါ အကြောင်းအရာအတွက် ကျွန်တော်တာဝန်ယူပါတယ်၊နိုင်ငံတော် အကြီးအကဲတွေက ခြစားမှုပပျောက်
ရေးအတွက် ဆောင်ရွက်မှုတွေ အမျိုးမျိုး လုပ်ပေးနေပေမယ့် အချို့သော ဌာနမှ ၀န်ထမ်းများဟာ ၀န်ထမ်းချင်းအတူတူ တောင် ဇာတ်တူသား
စားမှုတွေ ရှိနေသေးတယ်ဆိုတာ လူကြီးတွေ သိစေချင်ပါတယ်ဗျာ၊
ကျွန်တော်တို့ မိသားစုဟာ ဒီလထဲမှာ ဌာနက ခွင့်ရလို့ သံတွဲကနေ ကသာကို အလည် ပြန်ခဲ့ပါတယ်၊ရန်ကုန်ဘူတာကြီးမှာ လက်မှတ်ဝယ်ရတာ
အလွန်အဆင်ပြေတဲ့ အပြင် လက်မှတ်ရောင်းတဲ့ ကောင်တာရှေ့မှာ ကျေနပ်မှု မရှိသည်များကိုတိုင်ကြားရန် ဆိုပြီး ကြီးကြပ်ရေးမှူးတစ်ယောက်က
ကုလားထိုင်နဲ့ ထိုင်နေတာကို တွေ့ရတော့ သြော်.ငါတို့နိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်နေပြီပဲ ဆိုတဲ့ အတွေးနဲ့ ၀မ်းသာခဲ့ မိပါတယ်၊
ဒီလိုနဲ့ မန္တလေးဘူတာကြီးကို ၂၇၊၉၊၂၀၁၃ရက်နေ့မှာရောက်ပါတယ်၊ ရောက်ပြီးညနေ ၃နာရီ၃၀မိနစ်မှာ မန္တလေးဘူတာကြီးရဲ့
ရထားလက်မှတ် ရက်ကြိုရောင်းတဲ့ ကောင်တာမှာ လက်မှတ် သွားဝယ်ပါတယ်၊ ၀န်ထမ်းကဒ်နဲ့ သွားဝယ်တာပါ၊၂၈၊၉၊၁၃ရက်နေ့ နေ့လည်
(၂)နာရီ(၁၅)မိနစ်ထွက်မယ့် ရထားလက်မှတ် ရပါတယ်၊ ရိုးရိုးတန်းပေါ့၊ လက်မှတ်(၄)စောင်အတွက် ဘယ်လောက် ကျသလဲ မေးတော့ လက်မှတ်ရောင်း
၁၂၀၀၀ ကျတယ်လို့ပြောပါတယ်၊ ကျွန်တော်က တစ်စောင်ကို ဘယ်လောက်လဲ မေးတော့ ၂၂၅၀လို့ ဖြေပါတယ်၊ဒါဆို ၉၀၀၀ပဲ ကျမှာပေါ့လို့ ပြောလိုက်တော့
၂၂၅၀က လက်မှတ်ဖိုး၊လဘက်ရည်ဘိုးနဲ့ဆို တစ်စောင်ကို (၃၀၀၀)လို့ ဗြောင် ပြောပါတယ်၊ကျွန်တော်က ၀န်ထမ်းပါလို့ ၀န်ထမ်းကဒ်ပြတော့လည်း ၀န်ထမ်းလည်း
ဘာဖြစ်လဲဆိုတဲ့ ပုံစံနဲ့ ဂရုတောင် မစိုက်ပါဘူးဆရာ၊မတတ်နိုင်ဘူးလေ၊၀ယ်လိုက်ရတော့တာပေါ့၊ ၀ယ်ပြီး လက်မှတ်မှာ ပါတဲ့ လက်မှတ်တန်ဘိုးကို
ကြည့်လိုက်တော့ အံ့ကြစရာပါပဲဗျာ၊စတင်စီးရမယ့်ဘူတာ မန္တလေး အမည်နဲ့ ဆင်းရမယ့် နဘားဘူတာနာမည်ပဲ မသဲမကွဲ ဖတ်လို့ရပြီး ကျသင့်ငွေတွေ
အာမခံကြေးတွေဟာ ဘယ်လောက်ကျတယ်ဆိုတာ ဖတ်လို့ မရနိုင်အောင် ရိုက်နှိပ်ထားပါတယ်၊နောက်ကြောမှာတော့ အပိုကြေးပေးရန် မလိုဆိုတာ ထင်ထင်ရှားရှား
ပါနေပေမယ့် ကျသင့်ငွေ ဖတ်မရတော့ အပိုကြေး ပေးရတယ် မပေးရဘူးဆိုတာ ဘယ်လိုများသိနိုင်မှာလဲဗျာ၊ကျွန်တော်တောင် ကျသင့်ငွေ မေးလိုက်လို့ အပိုကြေးပေးရတယ်ဆိုတာ
သိလိုက်ရတာပါ၊ဒီမှာဖတ်ကြည့်ပါ၊ ကိုယ်စီးမယ့် ဘူတာမှာ အပ်ရမယ့် လက်မှတ်ဖြစ်ပေမယ့်
ဘယ်သူမှ ပြန်မသိမ်းလို့ သက်သေအဖြစ် ဒီအထိ ပါလာတာပါ၊ဒီလိုတွေ ဖြစ်ချင်တိုင်း ဖြစ်နေဆဲဖြစ်တဲ့ ၀န်ထမ်းတွေကိစ္စနဲ့ လက်မှတ် ၀ိုးတ၀ါးကိစ္စတွေကိုသက်ဆိုင်ရာ
အကြီးအကဲတွေ သိရှိနိုင်အောင် ဆရာတို့ မီဒီယာမှ တစ်ဆင့် ပေးစာပို့လိုက်ရပါတယ်ခင်ဗျာ၊ကျွန်တော်နာမည်ကိုလည်း ထည့်ပြီး ဖေါ်ပြလို့ ရပါတယ်၊
ကိုထက်မြက်
၅/ကသန(နိုင်)၀၄၈၀၄၅
အနာကြီးရောဂါတိုက်ဖျက်ရေးမှူး
သံတွဲဆေးရုံ၊သံတွဲမြို့

Share on Facebook

by herjulekatha
View 474 times
Posted Date October 3, 2013, 4:26 pm
Modified Date October 3, 2013, 4:26 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved