...ဟာဂျူလီ(ကသာ)



ကျွန်တော်ချစ်သော ရိုးသောအမေ(ဟာဂျူလီ-ကသာ)

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

Photo: ကျွန်တော်ချစ်သော ရိုးသောအမေ(၂)...(ဟာဂျူလီ-ကသာ) ဒီလိုနဲ့ အမေမပါတဲ့ (၁၂၊၈၊၂၀၁၂)ရက်နေ့ မွေးနေ့ ဆွမ်းကပ်တရားနာပွဲမှာ ဆက်လက် နေထိုင်နိုင်စွမ်းမရှိတော့တဲ့ ကျွန်တော်ဟာ ဆွမ်းကပ်လို့ မပြီးခင်မှာပဲ နန်းတော်ဆေးရုံ အခန်းအမှတ် (၆၁၄)ကို ဆိုင်ကယ်လေး အပြင်းမောင်းပြီးသွားခဲ့မိတယ်၊ ဆေးရုံရောက်တော့......အမေ့ရဲ့ မျက်နှာလေး အစ်တစ်တစ်ဖြစ်နေတာကိုတွေ့ရတယ်၊မနေ့ညက အမေ အိပ်ပျော်ခဲ့ပုံ မရဘူး၊အမေ့ခြေဖမိုးကလေးတွေလည်း အမ်းတန်းတန်းဆိုတော့ ဆီးလည်းနည်းနေပြီဆိုတာ ကျွန်တော်သိလိုက်ရပြီ၊ အမေ့ကိုအနီးကပ်ပြုစုနေတဲ့ တူမလေးက “မာမီယုံ..ဖေဖေထိုက်(ကျွန်တော်ကိုတူတွေ တူမတွေက ခေါ်လေ့ရှိတဲ့နာမည်)ရန်ကုန်ကနေပြန်ရောက်လာပြီ”ဆိုပြီး အမေ့ကိုပြောလိုက်တော့ အမေက မျက်လုံးလေးဖွင့်ပြီး သူ့ရှေ့မှာ ကန်တော့နေတဲ့ ကျွန်တော့်ကို ပြုံးပြပြီးနှုတ်ဆက်ပါတယ်၊အမေ့မွေးနေ့ရေစက်ချပွဲကို အမေကိုယ်တိုင်မတက်နိုင်ခဲ့တဲ့အတွက် အမေ၀မ်းနည်းခံစားနေရမှာ အမှန်ဖြစ်ပေမယ့် သူ့ရဲ့ဝမ်းနည်းမှုတွေကို သားတွေဆီ မကူးဆက်စေချင်တဲ့ အပြုံးဆိုတာ ကျွန်တော်သတိထားမိပါတယ်၊ကျွန်တော်က အဲဒီအချိန် ဒေါင်းရိုးအိမ်မှာလုပ်နေတဲ့ အမေ့မွေးနေ့ကို လမ်းကြောင်းလွဲချင်တာနဲ့ ရန်ကုန်မှာ လုပ်ခဲ့တဲ့ “မြန်မာနိုင်ငံ သတင်းစာဆရာများညီလာခံအကြောင်းလေး” ပြောဖြစ်ခဲ့ပါတယ်၊အမေကတော့ ခပ်ယဲ့ယဲ့အပြုံးနဲ့ပဲ နားထောင်နေပါတယ်၊တကယ်တမ်းပြော ရရင် မှတ်မှတ်ရရ(၈၊၈၊၂၀၁၂)ကပဲ “မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း”နဲ့ပါတ်သက်ပြီး အမေ မဆူစဖူးကျွန်တော့်ကို ဆူငေါက်ခဲ့ပါသေးတယ်၊ဖြစ်ပုံက ဒီလိုပါ၊ အဲဒီရက်ပိုင်းတွေက ရန်ကုန်က မီဒီယာဆရာကြီးတစ်ယောက်က “မြန်မာနိုင်ငံ သတင်းစာဆရာများ”အဖွဲ့ကိုဝင်ဖို့နဲ့ ညီလာခံတက်ပေးဖို့ ဖုန်းဆက်ပြောခဲ့ပါတယ်၊ပထမတစ်ရက်ဖုန်းဆက်ခဲ့တုန်းကတော့ တစ်သက်နဲ့တစ်ကိုယ် ဘယ်စာပေအဖွဲ့ကိုမှ မ၀င်ဖူးခဲ့တဲ့ ကျွန်တော်အနေနဲ့ ပြီးပြီးရော သဘောနဲ့ အလိုက်သင့်ပဲ ပြန်ဖြေဖြစ်ခဲ့တာပါ၊နောက်ရက်တွေ ဖုန်းထပ်ဆက်တော့ ကျွန်တော်အတွက် ထဲထဲဝင်ဝင် စဉ်းစားစရာဖြစ်လာပါတော့တယ်၊ကျွန်တော်တွေးမိတာက အဲဒီရက်ပိုင်း အပါတ်စဉ်ထုတ်ဂျာနယ်တွေကို စိစစ်ရေးက ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာရယ် ကျွန်တော်ကိုယ်တိုင်လည်း အင်တာဗျူးတစ်ပုဒ်နဲ့ပါတ်သက်ပြီး တရားစွဲခံနေရတာရယ်တို့ကြောင့် စာပေနဲ့ ပါတ်သက်တဲ့ အဖွဲ့တစ်ခုခုထဲ ရှိနေသင့်တယ်ပေါ့၊ဒါနဲ့ပါတ်သက်ပြီး အစ်ကိုတွေ အစ်မတွေညီမတွေကို တိုင်ပင်တော့ သူတို့ အားလုံးက “မြန်မာနိုင်ငံ သတင်းစာဆရာများ”အဖွဲ့ကို ၀င်ဖို့ တိုက်တွန်းကြတယ်၊အဲဒီအကြောင်းလေး ဆေးရုံတက်နေတဲ့ အမေ့ကိုပြောပြခွင့်တောင်းတော့ နှစ်ပေါင်း(၅၀)အတွင်း မဆူဖူး မဆဲဖူးတဲ့အမေဟာ ကျွန်တော်အပေါ် ဒေါသတွေ ပေါက်ကွဲတော့တာပါပဲ၊ ကျွန်တော်လုပ်ခဲ့တဲ့ “အများအတွက် ငထွားခါးနာ”ခဲ့တဲ့ ကိစ္စတွေမှာ တစ်သက်လုံး အမေဟာ ကျွန်တော့ကိုအတ္တနည်းသူအဖြစ် ဂုဏ်ယူပြောဆိုချီးကျူးခဲ့ပေမယ့် “မြန်မာနိုင်ငံ သတင်းစာဆရာများ”အဖွဲ့ကိုဝင်ဖို့ကိစ္စမှာတော့ အမေဟာ သည်းသည်းလှုပ်ဆန့်ကျင် ဝေဖန် ပြစ်တင်ပါတော့တယ်၊အနားမှာရှိနေတဲ့ ညီမက“အမေ “မြန်မာနိုင်ငံ သတင်းစာဆရာများ”အဖွဲ့က အစိုးရနဲ့မသက်ဆိုင်တဲ့ NGOအဖွဲ့ဖြစ်တဲ့အကြောင်းနဲ့ စာပေသမားများရဲ့ အခက်အခဲတွေ လူမှုရေးတွေကို ဖြေရှင်းမယ့် အဖွဲ့သာဖြစ်တဲ့အကြောင်းရှင်းပြတော့ အမေ့ဒေါသတွေ ပြေလျှော့သွားခဲ့ပါတယ်၊(၉၊၈၊၁၂)ရက်နေ့ ဘူတာဆင်းရင်းနဲ့ အမေ့ကို ဆေးရုံပေါ်သွားကန်တော့ တော့မှ အမေဟာ ကြည်ကြည်သာသာနဲ့ ခွင့်ပြုပါတော့တယ်၊၁၀ရက်နေ့ရန်ကုန်ရောက်ပြီး၁၁ရက်နေ့ညီလာခံတက်ပါတယ်၊၁၁ရက်နေ့ညမှာပဲ ကားနဲ့ မန္တလေးကိုပြန်လိုက်ခဲ့ပါတယ်၊ ၁၂ရက်နေ့မှာလုပ်မယ့် အမေ့ရဲ့ မွေးနေ့အထိမ်းအမှတ်ကတ္တရာလမ်းခင်းလှူ ရေစက်ချပွဲလေး မှီအောင်လို့ ၁၁ရက်နေ့ ချက်ချင်းပြန်ဖြစ်ခဲ့ပေမယ့် အမေကိုယ်တိုင်မတက်နိုင်ခဲ့တဲ့ ရေစက်ချပွဲမှာ အမေ့ကို ခင်မင်လေးစားတဲ့ ရဟန်းသံဃာများရဲ့မျက်နှာတွေက ၀မ်းနည်းမှုများနဲ့ ပြည့်လျှံနေပါတယ်၊ရေစက်ချပွဲပြီးလို့ ရဟန်းတော်တွေ ပြန်ကြွသွားတော့ အိမ်အောက်ထပ်မှ ကြာဇံစတုဒီသာကျွေးမွေးမှုကို ဆက်လုပ်ခဲ့ပါတယ်၊အဲဒီအချိန် ကျွန်တော်ကတော့ ဆေးရုံပေါ်က အမေ့ရဲ့လူနာတင်ကုတင်နဘေးမှာ ပုဆစ်ဒူးတုတ်လျှက် အမေ့ရဲ့ မျက်နှာကို အားပါးတရကြည့်ရှု့ကြည်ညိုလျှက်..။အဲဒီနေ့၁၀နာရီလောက်မှာပဲ နှလုံးအထူးကုသမားတော်ကြီးပါမောက္ခဦးထွန်းရွှေက လာကြည့်ပြီးလိုအပ်တာတွေ ညွှန်ကြားပါတယ်၊နောက်ထပ် ၁နာရီခွဲလောက်မှာ အဆုတ်နဲ့ရင်းခေါင်းဌာနဌာနမှူး အထူးကုသမားတော်ကြီး ပါမောက္ခဦးရဲထွန်း လာကြည့်ပေးပြန်ပါတယ်၊ဆရာကြီးတွေရဲ့ မျက်နှာကတော့ ခါတိုင်းလို ဟက်ဟက်ပက်ပက်မရှိတာသတိပြုမိခဲ့ပေမယ့် ၁၄ရက်နေ့မနက်မှာတော့ အမေ့ကျန်းမာရေး ပြန်ကောင်းလာပါတယ်၊မျက်နှာလေးလည်း ကြည်ကြည်ရွှင်ရွှင်ဖြစ်လာတော့ ကျွန်တော်တို့ မောင်နှမတွေ ရယ်ကြမောကြ ပျော်ကြရွှင်ကြရပြန်တာပေါ့၊မှတ်မှတ်ရရ အဲဒီ၁၄ရက်နေ့ ည၈နာရီလောက် အိမ်ပြန်ဖို့ အမေ့ကိုကန်တော့လိုက်တော့ အမေက သူ့အနားမှာ အချိန်ပြည့် ပြုစုနေတဲ့ မြေးမလေး မဂျူလှိုင်ကို ငါ့ကို ပိုက်ဆံထုတ်ပေးစမ်းလို့ အမေက ပြောပါတယ်၊တူမလေးက ဘယ်လောက်လဲဆိုတော့ တစ်ခုလို့ အမေက ပြောပါတယ်၊ တူမလေးထံက တစ်ဆင့် အမေကိုယ်တိုင် ၅၀၀၀တန်အရွက်(၂၀)ကို ကျွန်တော့်လက်ထဲထည့်ပေးပြီး မုန့်ဖိုးလို့ လည်း ပြောပါတယ်၊ကျွန်တော်အမေ့ကို ဦးပြီးပြန်ထတော့ ခဏနေဦးလို့ အမေက တားပါတယ်၊ပြီးတော့ အစ်ကိုကြီးနဲ့ အစ်ကိုလတ်နဲ့ မရီးဖြစ်သူတွေအတွက် တစ်ယောက်တစ်သိန်းစီ ပေးဖို့ ငွေ၃သိန်း ကျွန်တော်လက်ထဲ ထပ်ထည့်ပေးပြန်ပါတယ်၊ကျွန်တော်က အမေ့ကိုနောက်ချင်လို့..“ကျွန်တော်က မေ့တတ်တယ်နော်၊မပေးဖြစ်ရင်တော့ တာဝန်မယူဘူး”လို့ပြောဖြစ်လိုက်တော့ အမေ အားပါးတရ ပြုံးနေခဲ့ပါတယ်၊ ၁၅ရက်နေ့မှာတော့ အမေအခြေအနေဟာ ပြန်ဆိုးလာပြန်ပါတယ်၊အခြေအနေဆိုးတယ်ဆိုပေမယ့် ဝေဒနာကိုပြင်းပြင်းထန်ထန် မချိမဆံ့ခံစားရတာမျိုးတော့ မဟုတ်ပါဘူး၊ညအိပ်မပျော်တာ ဆီးကောင်း ကောင်းမသွားနိုင်တာ လောက်ပါပဲ၊ဒီကနေ့မှာတော့ နန်းတော် ဆေးရုံက ၆ထပ်မှာတာဝန်ကျတဲ့ ဆရာဆရာမတွေ သူနာပြုတွေမျက်နှာဟာ ညိုးနွမ်းနေကြသလိုပါပဲ၊သူတို့တတွေဟာ အမေကို သိပ်ချစ်ကြတာပါ၊အမေကလည်း ဘယ်တော့ဆေးရုံတက်တက် နန်းတော်ပဲတက်တယ်၊ အခန်းကိုလည်း ၆ထပ်က ၆၁၄ကိုပဲ ရွေးတယ်၊ အမေဟာ နွေရာသီပူပြင်းတိုင်း နန်တော်ဆေးရုံကို တက်ရလေ့ရျိပြီး ဆေးရုံတစ်ခါတက်ရင် ၂လ ၃လတစ်ခါတစ်ခ် ၄-၅လအထိ ကြာတတ်တော့ ဒီဆရာမတွေနဲ့က သားအမိလိုကို ရင်းနှီးနေကြတာ၊အမေကလည်း သူတို့တတွေ အားလုံးကို(သန့်ရှင်းရေးလုပ်သားအထိ) ကျွေးမွေးပေးကမ်းနေခဲ့တာပါ၊ ၁၅ရက်မနက် ကျွန်တော်ဆေးရုံရောက်တော့တောင် ဆိုင်ကယ်စတင်းစေါင့်တဲ့လူငယ်လေးက ကျွန်တော်ကို့ပြောခဲ့ပါသေးတယ်၊“အမေကြီးက သူ့မွေးနေ့အဖြစ် ကျွန်တော်တို့ တစ်ဖွဲ့လုံး မုန့်ဖိုး၂၀၀၀စီပေးတယ်ဗျ”..တဲ့၊ အဲဒီလူငယ်ကလေးရဲ့ ဟန်ပန်ကိုကြည့်ရတာဟာ ငွေ၂၀၀၀ရဲ့ တန်ဖိုးထက် သူတို့လို အောက်ခြေကလူတွေကို ဂရုတစိုက်ပေးကမ်းတဲ့အပေါ်မှာ ပီတိတွေဖြစ်နေပုံပါပဲ၊ ၁၅ရက်နေ့ နန်းတော်ဆေးရုံကပြန်တော့ မိုးအတော်ချုပ်နေပါပြီ၊အမေ့ကို ကျွန်တော်နဲ့ ကျွန်တော်တူကလေး ကန်တော့ကြတော့ အမေဟာ ဝေဒနာတွေကြားက ပြုံးပြီး ဆုတွေပေးပါတယ်၊အဲဒီအချိန်က ပြုံးပြတဲ့အမေ့ရဲ့ အပြုံးမျိုးဟာ ကျွန်တော့်တစ်သက်မှာ တစ်ခါမှ မတွေ့ဘူးတဲ့ အပြုံးမျိုးဖြစ်နေလို့ ကျွန်တော့်ရဲ့စိတ်ထဲ ထင့်ကနဲ ဖြစ်သွားမိပါတယ်၊ကျွန်တော်ရင်ထဲက အတွေးကို ကျက်မိပုံရတဲ့အမေက ထူးထူးခြားခြား အသံခပ်ယဲ့ယဲ့နဲ့ “ပိုက်ဆံတော့ ပေးစရာ မကျန်တော့ဘူးနော်”လို့ လှမ်းနောက်ပါသေးတယ်၊ အနားမှာရှိနေကြတဲ့ အခြားမောင်နှမတွေကတော့ မျက်ရည်ဝဲနေတဲ့ကြားက ပြုံးသွားခဲ့ကြပါတယ်၊အဲဒီလိုရယ်စရာ ပြောနေတဲ့အမေဟာ နောက်ထပ်(၁၆)နာရီမှာ ကျွန်တော်တို့တတွေကို ရာသက်ပန်ခွဲခွါသွားတော့မယ်ဆိုတာဘယ်သူကများ ယုံနိုင်ကြမှာတဲ့လဲ၊ နောက်တစ်ရက် (၁၆၊၈၊၁၂)ရက်နေ့မနက်(၇)နာရီမှာတော့ ကျွန်တော်အခန်းကို ကျွန်တော်အစ်ကိုကြီးရောက်လာပြီး အမေ့အခြေအနေ မကောင်းတဲ့အတွက် ICUတင်ဖို့ မတင်ဖို့ မောင်နှမတွေတိုင်ပင်ပြီး အဖြေပေးဖို့ အဆုတ်နဲ့ရင်းခေါင်းဌာနဌာနမှူး အထူးကုသမားတော်ကြီးဦးရဲထွန်းက ပြောတဲ့အကြောင်းနဲ့ အခုချက်ချင်းဆေးရုံကို သွားကြဖို့ပြောပါတယ်၊ကျွန်တော်ဆေးရုံရောက်တော့ (၈)နာရီထိုးနေပြီး၊အမေ့ကိုထားထားတဲ့ အခန်း၆၁၄ရဲ့ ရှေ့မှာ မောင်နှမတွေအားလုံး မျက်ရည်အရွဲသားနဲ့ ကြိတ်ငိုနေကြပြီ၊ ကျွန်တော်ကသူတို့ကိုနှုတ်မဆက်ဖြစ်တော့ပဲ အမေရှိရာ အခန်း၆၁၄ထဲကို ၀င်သွားခဲ့ပါတယ်၊ကုတင်ပေါ်မှာ တူမလေးက အမေ့ကို ပွေ့ထားရာကနေ “မာမီယုံ..ဖေဖေထိုက်လေ”လို့ပြောတော့ မနေ့ညက ပြုံးတဲ့ အပြုံးမျိုးနဲ့ ပြုံးပြပြီးသိသိသာသာခေါင်းညိမ့်နှုတ်ဆက်ပါတယ်၊ ပြီးတော့ အမေ့ မျက်လုံးလေး ပြန်မှိတ်ပြီး နားနေပါတယ်၊အသက်ရူသံကတော့ ခါးတိုင်းထက် ပိုကျယ်နေသလိုပါပဲ၊အနားမှာလည်း ဆရာဝန်မတစ်ယောက်နဲ့ သူနာပြုဆရာမ(၂)ယောက်က ပြုစုပေးနေပါတယ်၊ဒီလိုနဲ့ ကျွန်တော် အခန်းအပြင်ထွက်လာပြီး မောင်နှမတွေတိုင် ပင်ဖြစ်ကြပါတယ်၊ ICUတင်ဖို့ မတင်ဖို့ပြောကြဆိုကြ မိုးကုတ်မှာတာဝန်ထမ်းဆောင်နေတဲ့ ကလေးအထူးကုဆရာဝန်ဖြစ်တဲ့ တူမဖြစ်သူထံဖုန်းဆက် အကြံဥာဏ်တောင်းကြနဲ့ နောက်ဆုံးတော့ နေ့လည်မှာ ICUတင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်၊ကျွန်တော်လည်းအဲဒီမှာ တစ်စုံတစ်ခုကို သတိရမိလိုက်ပါတယ်၊မနှစ်တုန်းကလည်း အမေဟာ အခုလိုပဲ သေမင်းနဲ့ စစ်ခင်းခဲ့ဖူးပါတယ်၊အဲဒီအချိန်က ကျွန်တော်ဟာ မန္တလေးသားဗုဒ္ဓဘာသာဝင်တွေ ဦးထိပ်ထားတဲ့ ဘုရားကြီးကို ရွှေသင်္ကန်းနဲ့ ပန်းရေချမ်းတွေလှူပြီး တိုင်တည်ဆုတောင်းခဲ့ဖူးပါတယ်၊ တိုက်ဆိုင်မှုအရ အမေပြန်နေကောင်းခဲ့ဖူးတာလေးတွေးမိပြီး တူတော်မောင်ကို ခေါ်ပြီး ဘုရားကြီးကိုသွားဖြစ်ပါတော့တယ်၊ဘုရားကြီးရောက်တော့ အရင်တစ်ခါလိုမျိုး ရွှေချ ရေလှူလုပ်ပြီး ဆေးရုံကို ပြန်လာဖြစ်ခဲ့ပေမယ့် စိတ်ကတော့ လေးနေပါတယ်၊ဆေးရုံပြန်ရောက်တော့ အမေ ဟာကျွန်တော့်ကို နှုတ်မဆက်နိုင်ရှာတော့ပဲ မှိန်းနေပါတယ်၊အနားမှာ မောင်နှမတွေ ၀ိုင်းနေကြတဲ့အပြင် ဆရာဆရာမတွေလည်းရှိနေတာနဲ့ ကျွန်တော်အိမ်ကိုခဏပြန်ခဲ့ပါတယ်၊အိမ်ရောက်ပြီး ခဏအကြာနေ့လည်(၂)နာရီမှာတော့ အမေ ဆုံးသွားပြီးဖြစ်တဲ့အကြောင်း ဆေးရုံကနေ ဖုန်းဆက်ခဲ့ပါတယ်၊ဒီနေရာမှာ အမေ့လိုအင်လေး ပြည့်သွားခဲ့ပုံလေးပြောပြချင်ပါသေးတယ်၊အမေဟာ ဟိုးအရင်ကတည်းက ကျွန်တော်တို့တတွေကို ပြောခဲ့ဖူးတာလေးရှိပါတယ်၊“ငါသေရင် ချက်ချင်းသင်္ဂြိုလ်ကြ၊လူဆိုတာသေရင်ပြီးပြီ”တဲ့၊တကယ်တမ်းပြောရရင် ကျွန်တော်တို့ရဲ့ ဘ၀မှာ အလေးအမြတ်အထားဆုံး၊တန်ဘိုးအကြီးဆုံး အမေ့ကို ဘယ်လိုအတွေနဲ့မှ ချက်ချင်းသင်္ဂြိုလ်ချင်ကြပါဘူး၊ရက်ကြာကြာထားလို့ ရသမျှ ထားချင်ကြတာ၊ဖြစ်နိုင်လို့များက တစ်သက်လုံး ရေခဲရိုက်ပြီး အမေ့ရုပ်ကလပ်ကို လွမ်းတသသကြည့်နေချင်ခဲ့ကြတာပါ၊သို့သော် အမေဆန္ဒပြည့်ဝပုံကတော့ အမေကွယ်လွန်တဲ့နေ့က အဖိတ်နေ့၊မြန်မာထုံးစံအရ လမကူးရ၊ဒီတော့ နောက်တစ်ရက်မှာပဲ အသုဘကိစ္စရော ဆွမ်းကိစ္စပါ အပြီးစီစဉ်လိုက်ရပါတော့တယ်..၊ အမေရေ... လောကကြီးမှာ လူဆိုတာ သေရင် ပြီးပြီတဲ့လား၊မပြီးသေးပါဘူးအမေ၊အမေဟာမြင့်မြတ်ခဲ့တဲ့သူပါ၊ အမေ့မှာ မုန်းသူ မရှိပါဘူး၊အမေတိမ်းပါးသွားလို့ ၀မ်းမြောက်ဝမ်းသာသူ မရှိခဲ့ပါဘူး၊၀မ်းနည်းကြေကွဲသူတွေသာ ရှိခဲ့ကြတာပါ၊နောက်ပြီး အမေဟာ လူထုအကျိုးဆောင်ရွက်တဲ့ ခင်ပွန်းဖြစ်သူကိုပိုင်ဆိုင်ခဲ့တဲ့အပြင် လူထုကို ဒုက္ခမပေးတဲ့ သားသမီးများဖြစ်အောင် ကျွန်တော်တို့တတွေကိုပုံသွင်းနိုင်ခဲ့တဲ့ မိခင်ကောင်းဖြစ်ပါတယ်၊အမေသေသွားသော်လည်း အမေ့ကျေးဇူးကို ကျွန်တော်တို့ မောင်နှမတွေသာမက ကြားသမျှ သိသမျှသူတွေအားလုံး ပြောလို့ ဆိုလို့ ပြီးကြတော့မှာ မဟုတ်ပါဘူး၊ဘာဖြစ်လို့လည်းဆိုတော့ အမေဟာ လူသား ချင်းစာနာတတ်တဲ့၊ကူညီတတ်တဲ့အပြင် ဖြူစင်တဲ့ သီလနဲ့ သမာဓိ၊ မှန်ကန်တဲ့ ရပ်တည်ချက်လည်း ရှိခဲ့တဲ့အမျိုးသမီးကြီးတစ်ဦးဖြစ်နေခဲ့လို့ပါ၊အမေ..ကောင်းရာဘုံကနေ ကျွန်တော်တို့အတွက် ဂုဏ်ယူဖွယ်ဖြစ်အောင်နေထိုင်သွားပါ့မယ်လို့ ဂတိပြုလိုက်ပါတယ်ကျွန်တော်ချစ်သော ရိုးသော အမေခင်ဗျား....။ ဟာဂျူလီ(ကသာ)
ကျွန်တော့်အမေဟာ ထင်ရှားတဲ့ နိုင်ငံသမား မဟုတ်၊
.....ဒါပေမယ့် အာဏာရှင်စံနစ်ရဲ့ ဗိုလ်ကျစိုးမိုးမှုကို မုန်းတီးသူဖြစ်ပါတယ်၊
ကျွန်တော့်အမေဟာ ထင်ရှားတဲ့ နိုင်ငံသမား မဟုတ်ခဲ့ပေမယ့် နိုင်ငံရေးလောကထဲကိုတော့ ရောက်ခဲ့ဖူးတဲ့အကြောင်း အမေ မကွယ်လွန်ခင်က အခုလိုပြောပြခဲ့ဖူးပါတယ်၊
“တည်မြဲနဲ့ သန့်ရှင်း ကွဲတဲ့အချိန်မှာ မင်းတို့အဖေကို တပ်ကစစ်ဆေးစရာရှိလို့ဆိုပြီး လာခေါ်တတ်တယ်
၊ဖမ်းတာပေါ့၊ ပထမတစ်ခါ နိုင်ငံရေးနဲ့လာဖမ်းတုန်းကတော့ အမေငိုခဲ့ရတာပေါ့၊
နောက်ထပ်နောက်ထပ်တွေလာဖမ်းတော့ အမေစိတ်ထဲမှာ ခံပြင်းမှုတွေဖြစ်လာတယ်၊အိမ်ရှေ့ကို စစ်တပ်ကား လာထိုးပြီဆိုတာနဲ့ အမေက နင်တို့အဖေကြိုက်တဲ့ ကွမ်းအစ်တွေ ဆေးပေါ့
လိပ်စည်းတွေ အိပ်ယာလိပ်တွေကို အဆင်သင့်ပြင်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ထည့်ပေးလိုက်တယ်၊နင်တို့အဖေကလည်း မျက်နှာတစ်ချက်မပျက်ခဲ့ဘူး၊ဖမ်းခေါ်ရာနောက်လိုက်သွားခဲ့တာပဲ၊

အမေကလည်း ညဥ့်နက်နက် လူခြေတိတ်တဲ့အချိန်မှာ ၀အောင်ငိုပြီး မနက်လင်းတာနဲ့ ကိုယ်ယောက်ျားအဖမ်းခံရတာကို မတုန်လှုပ်တဲ့ ပုံစံမျိုးနဲ့ သနပ်ခါးလိမ်း၊ပန်းပန်ပြီ ပြုံးပြုံးလေးပဲ
နေပြရတယ်၊ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ရဲ့ မသိမသာအားပေးမှုခံရတဲ့ တည်မြဲကလူတွေ ပျော်နေမှာစိုးလို့ပေါ့၊ကိုယ်ကသန့်ရှင်းလေ၊ဦးနုတို့ သခင်တင်တို့ ဘက်ကပေါ့၊ဒီနေရာမှာ
သားတို့ သမီးတို့ သိအောင်ပြောရဦးမယ်၊နင်တို့အဖေကို(၃)ခါလောက် လာဖမ်းလိုက် ပြန်လွှတ်လိုက်လုပ်လာတော့ အမေတို့လည်း မထူးဘူးဆိုပြီး အိမ်ရှေ့မှာ တရားဝင်ဆိုင်းဘုတ်ထောင်ပြီး
နိုင်ငံရေးကို ထဲထဲဝင်ဝင် လုပ်ကိုင်လိုက်ကြတယ်၊အမေက အမျိုးသမီးအဖွဲ့မှာပါတာပေါ့နော့၊အံ့သြစရာက အဲဒီလို ဗြောင်လည်းလုပ်လိုက်ရော နောက်ထပ် ဖမ်းတာဆီးတာ ခေါ်ယူစစ်ဆေးတာ
တွေမလုပ်ခံရတော့ဘူး၊နောက်တော့ သန့်ရှင်းအနိုင်ရပြီး အမေတို့ အမျိုးသမီးအဖွဲ့တွေ ရန်ကုန်သွားရတယ်၊ဒေါ်ခင်ကြည်နဲ့တွေ့ရတယ်၊ဦးနုနဲ့တွေ့ရတယ်၊ဒါမျိုးတွေရှိခဲ့တယ်၊နောက်တော့
ဦးနေ၀င်းအာဏာသိမ်းပြီးတဲ့နောက် အမေနိုင်ငံရေးထဲ ၀င်မပါတော့ဘူး၊နင်တို့ အဖေကတော့ ဆက်လုပ်တာပေါ့”
အမေပြောခဲ့တဲ့ စကားကြားရတော့ ၈၈တုန်းက ဖြစ်ခဲ့တာလေး သတိရဖြစ်ပါသေးတယ်၊တစ်ရက် ကျွန်တော်ထိုင်နေကြ ဘော်ဘီလက်ဘက်ရည်ဆိုင်ကို ထောက်လှမ်းရေးက ဆရာကြီးရောက်
လာတယ်၊ကျွန်တော်ထိုင်နေတဲ့ဝိုင်းကို ဆိုက်ဆိုက်မြိုက်မြိုက် ၀င်ထိုင်ပြီးကျွန်တော့်ကိုမေးခွန်းတစ်ခုမေးတယ်၊
“ကိုသန်းထိုက်(ကျွန်တော့်နာမည်အရင်း)၊ခင်ဗျားရဲ့ အဖေ ခုဘယ်မှာလဲ”
“ဘာဖြစ်လို့လဲ”
“ကျွန်တော့်ကို လူကြီးတွေက ခင်ဗျားအဖေအပါအ၀င် ရှေးတုန်းက နိုင်ငံရေးသမားကြီးတွေကို စောင့်ကြည့်ဖို့ တာဝန်ပေးထားလို့”
“သြော်..ဒါဆိုလည်း သွားစောင့်ကြည့်ပေါ့ဗျာ”
ထောက်လှမ်းရေးဆရာကြီးမျက်နှာ ၀င်းကနဲ ဖြစ်သွားပြီး အငမ်းမရ
“ဘယ်မှာနေတာလဲ”တဲ့၊ကျွန်တော်က
“သင်္ချိုင်းကုန်းမှာ”လို့လဲဖြေလိုက်ရော ဆရာကြီးတင်းသွားပြီး
“ခင်ဗျား ဘာစကားပြောတာလဲ”လို့ မေးပါတယ်၊
“ဟုတ်တယ်လေ၊ကျွန်တော့်အဖေသေတာ အနှစ်(၂၀)ကျော်ပြီဗျ”ဆိုတော့ ဆရာကြီးမျက်နှာ မချိုမချဉ်ဖြစ်ပြီး ထပြန်သွားပါတော့တယ်၊
ထားပါတော့လေ၊ပြောချင်တာက အဖေ ထောင်အကျခံပြီး နိုင်ငံရေးလုပ်လာတာကို မကန့်ကွက်ခဲ့တဲ့အမေဟာ ကျွန်တော်နိုင်ငံရေး လုပ်တာကိုတော့ နှစ်သက်ခဲ့ပုံမရပါဘူး၊ဒါကလည်း
အသက်အရွယ်နဲ့ ခေတ်အနေအထားကြောင့် ဖြစ်ပုံရပါတယ်၊မှတ်မှတ်ရရအမေ့ပါးစပ်ကထုတ်ဖေါ်ပြောဆိုဟန့်တားလာတာက ၂၀၀၆ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ပြီးဆုံးခါစအချိန်မှာပါ၊
“ငါ့သား၊အမေမင့်ကို နိုင်ငံရေး မလုပ်စေချင်ဘူး၊ဘာဖြစ်လို့လဲဆိုတော့ အခု အစိုးရဟာ အင်မတန်ရက်စက်တဲ့အစိုးရမို့လို့ပေါ့၊ကိုယ့်ရဲ့ အထွဋ်အမြတ်ထားရာ ရဟန်းသံဃာတော်တွေ ရိုက်နှက်သတ်ဖြတ်ရုံတင်
မက နိုင်ငံရေးသမားတွေကို ဖမ်းဆီးတဲ့နေရာမှာ နိုင်ငံရေးလုပ်တဲ့သူကို ဖမ်းမမိရင် သူတို့အစားအသက်ကြီးရင့်ပြီး ကျန်းမာရေးမကောင်းတဲ့ တဲ့ အဖေအမေတွေကို ဖမ်းတယ်ဆီးတယ်ဆိုတော့ အင်မတန်လူမဆန်ဘူးလို့ပဲ
ပြောရမှာပေါ့၊အေး ငါ့သားကို သူတို့ဖမ်းမမိရင်အမေ့ကိုဖမ်းခေါ်သွားမှာပဲ၊အဲဒီအခါ အမေသေမှာပေါ့”တဲ့၊ဟုတ်ပါတယ်၊အမေပြောတာလည်း မမှားပါဘူး၊အဲဒီအချိန်က အမေ့အသက်က ၇၈နှစ်၊တစ်ရက်ကို အောက်စီဂျင်(၈)နာရီပေးပြီး
သားသမီးတွေ(အထူးသဖြင့်တော့ သမီးတွေပေါ့)ကအသက်ရှင် အောင် ဆောင်ရွက်ပေးနေရတယ်လေ၊ဒီတော့ အမေ့ကိုသာ ဖမ်းဆီးခေါ်ဆောင်သွားမယ်ဆိုရင် အမေသေပြီပေါ့၊နောက်ဆုံးတော့ ကျွန်တော်လုပ်နေတဲ့ နိုင်ငံရေးသတင်း
အလုပ်တွေ ရပ်လိုက်ပြီး ကသာကို အမေ့စိတ်ချမ်းသာရေးဦးစားပေးတဲ့ အနေနဲ့ ပြန်ခဲ့ပါတော့တယ်၊
အမေနဲ့ပါတ်သက်ပြီး ဖြစ်ရပ်ဖြစ်စဉ်တွေ အမေပြောဆိုဆုံးမခဲ့တာတွေ ဟာ ဘယ်အချိန်ပြန်တွေးလိုက်တွေးလိုက် ကြည်လင်ပြတ်သားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကြည့်နေရသလိုပါပဲ၊
ကျွန်တော်အသက်(၇)နှစ်သားလောက်က အမေက ကျွန်တော့်ကို ပြောခဲ့ဖူးပါတယ်၊အဲဒီတုန်းကအမေပြောခဲ့တာဟာ အမှတ်တမဲ့ပေမယ့် ကျွန်တော်ရင်ထဲမှာတော့ သေရာပါတဲ့အထိ အမှတ်ရစေခဲ့ပါတယ်၊
“ငါ့သား အမေ့ကို မသနားဘူးလား”တဲ့၊
ဖြစ်ပုံက ဒီလိုပါ၊ ကျွန်တော်(၇)နှစ်သားအရွယ်မှာ အမေက မနက်(၆)နာရီလောက်ဆိုရင် ကသာဈေးကြီးထဲကဈေးဆိုင်ကို ဈေးရောင်းဖို့ အိမ်ကနေထွက်လေ့ရှိတယ်၊အဲဒီဈေးရောင်းထွက်ရင် ကျွန်တော်ညီမငယ်ကို ပိုးသဘက်အနီကလေးနဲ့
ကြောပိုးပြီး ကျွန်တော်ကိုလက်ကဆွဲပြီးခေါ်သွားလေ့ရှိတယ်၊ကျွန်တော်တို့အိမ်ကနေ ဈေးကြီးထဲ့သွားတဲ့လမ်းမှ ခပ်ရှောရှော ကုန်းတက်တစ်ခုရှိတယ်၊အဲဒီကိုရောက်ရင် အမေက ကျွန်တော်လက်ကိုဖြုတ်ပြီး ပိုးသဘက်ထဲက ညီမငယ်လေးနဲ့
အတော်ကလေး အားစိုက်ပြီး တက်လေ့ရှိတယ်၊အဲဒီအခါ ကျွန်တော်က ပိုးသဘက်ထဲကထိုးထွက်နေတဲ့ ညီမငယ်ရဲ့ ခြေထောက်ဖြူဖြူကလေးကို ဖိဆွဲအားယူပြီးတက်လေ့ရှိခဲ့တယ်၊အမေခမြာ ကျွန်တော့်ရဲ့ ဆွဲယူသက်ရောက်မှုကြောင့် နေ့စဉ်
ကလေး(၂)ယောက်ကို ပိုးပွေ့တက်နေရသလို ဖြစ်နေရရှာတယ်၊တစ်ရက်မှာတော့ အဲဒီလိုဆွဲယူ အားထည့်ပြီးတက်နေတဲ့ ကျွန်တော့်ကို “ငါ့သားလေး၊အမေ့ကို မသနားဘူးလား”လို့မေးခဲ့ပါတယ်၊အဲဒီမှာ ကျွန်တော်ဆွဲထားတဲ့
ညီမလေးရဲ့ ခြေထောက်ကို အလန့်တကြား လွတ်လိုက်မိပါတယ်၊ပြီးတော့ အမေ့ရဲ့ သနားစရာကောင်းတဲ့ ၀န်ထုတ်ဝန်ပိုးကြီးကိုလည်း တွေးမိလိုက်ပါတယ်၊အမေဟာ မိုးလင်းကတည်းက သားသမီး(၇)ယောက်ရဲ့ စားမှုသောက်မှု၊သွားမှုလာမှု
တွေ စီစဉ်ရတယ်၊ပြီးတာနဲ့ ဒီမိသားစုရဲ့ စားဝတ်နေရေး အဆင်ပြေစေဖို့ဈေးရောင်းရတယ်၊ဈေးသိမ်းပြန်လာတာနဲ့ ညစာ စားသောက်ဖို့ ချက်ရပြုတ်ရ လျှော်ရဖွတ်ရပြန်ပါတယ်၊ပြီးတာနဲ့ တိုင်းရင်းဆေးတွေ စုစည်းချိန်တွယ် အမှုန့်ကြိတ်ရတယ်၊
ဆေးလုံးရတယ်၊ဆေးထည့်ရတယ်၊ဘယ်မှာလဲ အမေ့ရဲ့ နားချိန်၊အဲဒါကြောင့် အမေက ကျွန်တော့်ကို ပြောခဲ့တာကိုး၊“ငါ့သား အမေ့ကို မသနားတော့ဘူးလား”လို့၊အဲဒီအချိန် အဖေကတော့ အခုကျွန်တော်လုပ်နေသလိုပါပဲ၊မိသားစုအရေးထက် အများအတွက်
ပဲ ခေါင်းထဲထည့်ပြီး အများပိုင်လူသားကြီး လုပ်နေခဲ့ပါတယ်၊
ဒီလိုဒီလောက် အလုပ်တွေရှုပ်နေခဲ့တဲ့အမေဟာ လှူရေးတန်းရေး တွေမှာလည်း နောက်ကျန်ခဲ့တယ် မရှိခဲ့ပါဘူး၊အဲဒီကတည်းက အခု ဆုံးပါးသွားချိန်အထိ အမေလှူဒါန်းသွားတာတွေဟာ စာရင်းတောင် လုပ်လို့ မရလောက်အောင်များပြားလွန်းလှပါတယ်၊
ဘုရားကျောင်းကန်၊သိမ်၊ဇရပ် တစ်ခုမှ မလပ်ခဲ့တဲ့အပြင်မုဒ်ဦး၊တံတိုင်း၊တံပန်းသံတံခါးတွေ၊ရေတွင်းရေကန်တွေ၊ဆေးရုံတွေအတွက် အောက်စီဂျင်စက်တွေ၊ရေသန့်စက်တွေ၊ချွဲစုတ်စက်တွေ အများကြီးပါ၊ဒီလိုလှူဒါန်းမှုတွေကြောင့် ကျွန်တော်အမေကို
ဒေသအာဏာပိုင်တွေက သီရိသုဓမ္မသိင်္ဂီဘွဲ့ ပေးဖို့ ကြိုးစားခဲ့တာလည်း မှတ်မိနေပါသေးတယ်၊လွန်ခဲ့တဲ့ (၈)နှစ်လောက်က ကသာခရိုင် အာဏာပိုင်တွေက ကျွန်တော့်ကို ခေါ်တွေ့ပါတယ်၊ပြီးတော့ သူတို့ပြောတာက ကသာမှာ သီရိသုဓမ္မသိင်္ဂီဘွဲ့ရတာ
မရှိသေးဘူးတဲ့၊အဲဒီအတွက် စုံစမ်းတော့ ကျွန်တော့အမေကို တွေ့ရတယ်တဲ့၊လူမှုရေး၊ဘာသာရေး၊ကျန်းမာရေး၊ပညာရေးတွေမှာ လှူဒါန်းတာတွေလည်း သူတို့ သိပါသတဲ့၊အဲဒီလှူဒါန်းခဲ့တာတွေကို စာရင်းလုပ်ပြီး ဓါတ်ပုံတွေသူတို့ဆီပေးပါတဲ့၊ကျန်တာတွေ
သူတို့ လုပ်ပြီး လျှောက်ပေးချင်တယ်လို့လဲပြောလာပါတယ်၊ကျွန်တော်ကလည်း ဟုတ်ကဲ့ အမေ့ကိုပြောကြည့်ပေးပါမယ်၊ဒါပေမယ့် အမေစိတ်ဝင်စားမယ်မထင်ပါဘူးလို့ကျွန်တော်ပြောဖြစ်ခဲ့ပါတယ်၊ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ၊အကျိုးအကြောင်း အမေ့ကို
ပြောပြတော့ အမေက ကျွန်တော့်ကို မမေ့နိုင်စရာ စကားအဖြစ် အခုလိုပြောပြခဲ့ပါတယ်၊
“ငါ့သား အမေလှူတယ်တန်းတယ်ဆိုတာ လူတွေ သိဖို့လှူတာမဟုတ်ဘူး၊သူတို့ကို စာရင်းတင်ဖို့လှူတာလည်း မဟုတ်ဘူး၊အာဏာပိုင်တွေသိဖို့ထက် ဘုရားသိဖို့လိုတယ်၊နတ်သိဖို့လိုတယ်၊အခုဆို အမေရဲ့ လှူဒါန်းမှုတွေကို ဘုရားတွေနတ်တွေက
ကဗျည်းထိုးထားပြီးရောပေါ့၊ဒီတော့ သူတို့ ကဗျည်းထိုးပေးဖို့ မလိုဘူးလို့သာ ပြောပြလိုက်ပါ၊အမေ ဘွဲ့တွေ တံဆိပ်တွေ မလိုချင်ပါဘူး”လို့၊အဲဒါဟာ ကျွန်တော်ကိုယ်တိုင် ပါဝင်သိရှိခဲ့ဖူးတဲ့ အမေ့ရဲ့ ရိုးသားတဲ့စိတ်၊ဂုဏ်ပကာသနကို ရွံ့မုန်းတဲ့စိတ်ရင်းကလေးပါ၊
အမေဟာ အမေပြောသလို လူတွေ မသိအောင်လှူခဲ့တာတွေ အများကြီးရှိပါတယ်၊ဥပမာ လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်ကတည်းက ကသာမြို့က ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အိုများစွာကို လစဉ်ကြေး ထောက်ပံ့နေတဲ့ အလှူလိုမျိုးပေါ့၊နောက်ပြီး ပြောစရာရှိတာက
အမေ့မွေးနေ့ရောက်တိုင်းပုံမှန်လှူဒါန်းလေ့ရှိတဲ့အလှူ၊အဲဒီနေ့မှာ တောင်မြို့က မဟာကဂန္ဓာရုံမှာ သံဃာကုန်ဆွမ်းကပ်တပ်တယ်၊အရပ်ထဲက လူတွေကို အကျွေးအမွေးလုပ်ပေးတယ်၊ဘုန်းတော်ကြီးကျောင်းတွေ၊ဗလီတွေ၊တရုတ်ဘုံကျောင်းတွေကို ငွေလှူတယ်၊
နောက်ပြီး အိမ်ဝရံတာကနေ အယုတ်အလပ်အမြတ်မရွေး ငွေကျဲတယ်၊ငွေကျဲတယ်ဆိုတာကလည်း နည်းနည်းမဟုတ်၊၃သိန်း၊၅သိန်း အဲဒီလို အကုန်ခံပြီး ကျဲတာ၊ဒီတော့ အရပ်ထဲကလည်း အမေ့မွေးနေ့ဆိုရင် မှတ်မိလို့တောင်နေကြပါတယ်၊မှတ်မိလွယ်တာလည်း
ပါမှာပေါ့လေ၊အမေ့မွေးနေ့က ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့ဖြစ်နေတာကိုး၊ဒီနှစ်တော့ အမေခမြာ မွေးနေ့အတွက် ရည်းစူးပြီးခင်းခဲ့တဲ့ အိမ်ရှေ့လမ်းက ကတ္တရာလမ်းတောင် ရေစက်ချမသွားနိုင်ခဲ့ပဲ နန်းတော်ဆေးရုံမှာ ပဲ ကုသမှုခံနေခဲ့ရရှာပါတယ်၊မွေးနေ့ရှင်မတက်ရောက်နိုင်
တဲ့ မွေးနေ့ ဘုန်းကြီးဆွမ်းကပ်ပွဲကို ကျွန်တော်တို့ မောင်နှမတွေ မျက်ရည်ရွဲရွဲနဲ့ ကျင်းပလှူဒါန်းခဲ့ကြရပါတယ်၊ဆွမ်းစားကြွရောက်တဲ့ ဘုန်းတော်ကြီးတွေကလည်း မျက်နှာ မကောင်းကြဘူး၊ဒါပေမယ့် ဘာတတ်နိုင်မှာတဲ့လဲ၊ဘုရားရှင်ကိုယ်တိုင်သော်မှ မလွန်ဆန်နိုင်ခဲ့
အရာပဲကိုး၊
ဒီလိုနဲ့ အမေမပါတဲ့ (၁၂၊၈၊၂၀၁၂)ရက်နေ့ မွေးနေ့ ဆွမ်းကပ်တရားနာပွဲမှာ ဆက်လက် နေထိုင်နိုင်စွမ်းမရှိတော့တဲ့ ကျွန်တော်ဟာ ဆွမ်းကပ်လို့ မပြီးခင်မှာပဲ နန်းတော်ဆေးရုံ အခန်းအမှတ် (၆၄၁)ကို ဆိုင်ကယ်လေး အပြင်းမောင်းပြီးသွားခဲ့မိတယ်၊
ဆေးရုံရောက်တော့......

ဒီလိုနဲ့ အမေမပါတဲ့ (၁၂၊၈၊၂၀၁၂)ရက်နေ့ မွေးနေ့ ဆွမ်းကပ်တရားနာပွဲမှာ ဆက်လက် နေထိုင်နိုင်စွမ်းမရှိတော့တဲ့ ကျွန်တော်ဟာ ဆွမ်းကပ်လို့ မပြီးခင်မှာပဲ နန်းတော်ဆေးရုံ အခန်းအမှတ် (၆၁၄)ကို ဆိုင်ကယ်လေး အပြင်
းမောင်းပြီးသွားခဲ့မိတယ်၊
ဆေးရုံရောက်တော့......အမေ့ရဲ့ မျက်နှာလေး အစ်တစ်တစ်ဖြစ်နေတာကိုတွေ့ရတယ်၊မနေ့ညက အမေ အိပ်ပျော်ခဲ့ပုံ မရဘူး၊အမေ့ခြေဖမိုးကလေးတွေလည်း အမ်းတန်းတန်းဆိုတော့ ဆီးလည်းနည်းနေပြီဆိုတာ ကျွန်တော်သိလိုက်ရပြီ၊
အမေ့ကိုအနီးကပ်ပြုစုနေတဲ့ တူမလေးက “မာမီယုံ..ဖေဖေထိုက်(ကျွန်တော်ကိုတူတွေ တူမတွေက ခေါ်လေ့ရှိတဲ့နာမည်)ရန်ကုန်ကနေပြန်ရောက်လာပြီ”ဆိုပြီး အမေ့ကိုပြောလိုက်တော့ အမေက မျက်လုံးလေးဖွင့်ပြီး သူ့ရှေ့မှာ ကန်တော့နေတဲ့ ကျွန်တော့်ကို
ပြုံးပြပြီးနှုတ်ဆက်ပါတယ်၊အမေ့မွေးနေ့ရေစက်ချပွဲကို အမေကိုယ်တိုင်မတက်နိုင်ခဲ့တဲ့အတွက် အမေ၀မ်းနည်းခံစားနေရမှာ အမှန်ဖြစ်ပေမယ့် သူ့ရဲ့ဝမ်းနည်းမှုတွေကို သားတွေဆီ မကူးဆက်စေချင်တဲ့ အပြုံးဆိုတာ ကျွန်တော်သတိထားမိပါတယ်၊ကျွန်တော်က
အဲဒီအချိန် ဒေါင်းရိုးအိမ်မှာလုပ်နေတဲ့ အမေ့မွေးနေ့ကို လမ်းကြောင်းလွဲချင်တာနဲ့ ရန်ကုန်မှာ လုပ်ခဲ့တဲ့ “မြန်မာနိုင်ငံ သတင်းစာဆရာများညီလာခံအကြောင်းလေး” ပြောဖြစ်ခဲ့ပါတယ်၊အမေကတော့ ခပ်ယဲ့ယဲ့အပြုံးနဲ့ပဲ နားထောင်နေပါတယ်၊တကယ်တမ်းပြော
ရရင် မှတ်မှတ်ရရ(၈၊၈၊၂၀၁၂)ကပဲ “မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း”နဲ့ပါတ်သက်ပြီး အမေ မဆူစဖူးကျွန်တော့်ကို ဆူငေါက်ခဲ့ပါသေးတယ်၊ဖြစ်ပုံက ဒီလိုပါ၊
အဲဒီရက်ပိုင်းတွေက ရန်ကုန်က မီဒီယာဆရာကြီးတစ်ယောက်က “မြန်မာနိုင်ငံ သတင်းစာဆရာများ”အဖွဲ့ကိုဝင်ဖို့နဲ့ ညီလာခံတက်ပေးဖို့ ဖုန်းဆက်ပြောခဲ့ပါတယ်၊ပထမတစ်ရက်ဖုန်းဆက်ခဲ့တုန်းကတော့ တစ်သက်နဲ့တစ်ကိုယ် ဘယ်စာပေအဖွဲ့ကိုမှ မ၀င်ဖူးခဲ့တဲ့
ကျွန်တော်အနေနဲ့ ပြီးပြီးရော သဘောနဲ့ အလိုက်သင့်ပဲ ပြန်ဖြေဖြစ်ခဲ့တာပါ၊နောက်ရက်တွေ ဖုန်းထပ်ဆက်တော့ ကျွန်တော်အတွက် ထဲထဲဝင်ဝင် စဉ်းစားစရာဖြစ်လာပါတော့တယ်၊ကျွန်တော်တွေးမိတာက အဲဒီရက်ပိုင်း အပါတ်စဉ်ထုတ်ဂျာနယ်တွေကို စိစစ်ရေးက
ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာရယ် ကျွန်တော်ကိုယ်တိုင်လည်း အင်တာဗျူးတစ်ပုဒ်နဲ့ပါတ်သက်ပြီး တရားစွဲခံနေရတာရယ်တို့ကြောင့် စာပေနဲ့ ပါတ်သက်တဲ့ အဖွဲ့တစ်ခုခုထဲ ရှိနေသင့်တယ်ပေါ့၊ဒါနဲ့ပါတ်သက်ပြီး အစ်ကိုတွေ အစ်မတွေညီမတွေကို တိုင်ပင်တော့
သူတို့ အားလုံးက “မြန်မာနိုင်ငံ သတင်းစာဆရာများ”အဖွဲ့ကို ၀င်ဖို့ တိုက်တွန်းကြတယ်၊အဲဒီအကြောင်းလေး ဆေးရုံတက်နေတဲ့ အမေ့ကိုပြောပြခွင့်တောင်းတော့ နှစ်ပေါင်း(၅၀)အတွင်း မဆူဖူး မဆဲဖူးတဲ့အမေဟာ ကျွန်တော်အပေါ် ဒေါသတွေ ပေါက်ကွဲတော့တာပါပဲ၊
ကျွန်တော်လုပ်ခဲ့တဲ့ “အများအတွက် ငထွားခါးနာ”ခဲ့တဲ့ ကိစ္စတွေမှာ တစ်သက်လုံး အမေဟာ ကျွန်တော့ကိုအတ္တနည်းသူအဖြစ် ဂုဏ်ယူပြောဆိုချီးကျူးခဲ့ပေမယ့် “မြန်မာနိုင်ငံ သတင်းစာဆရာများ”အဖွဲ့ကိုဝင်ဖို့ကိစ္စမှာတော့ အမေဟာ သည်းသည်းလှုပ်ဆန့်ကျင် ဝေဖန်
ပြစ်တင်ပါတော့တယ်၊အနားမှာရှိနေတဲ့ ညီမက“အမေ “မြန်မာနိုင်ငံ သတင်းစာဆရာများ”အဖွဲ့က အစိုးရနဲ့မသက်ဆိုင်တဲ့ NGOအဖွဲ့ဖြစ်တဲ့အကြောင်းနဲ့ စာပေသမားများရဲ့ အခက်အခဲတွေ လူမှုရေးတွေကို ဖြေရှင်းမယ့် အဖွဲ့သာဖြစ်တဲ့အကြောင်းရှင်းပြတော့ အမေ့ဒေါသတွေ
ပြေလျှော့သွားခဲ့ပါတယ်၊(၉၊၈၊၁၂)ရက်နေ့ ဘူတာဆင်းရင်းနဲ့ အမေ့ကို ဆေးရုံပေါ်သွားကန်တော့ တော့မှ အမေဟာ ကြည်ကြည်သာသာနဲ့ ခွင့်ပြုပါတော့တယ်၊၁၀ရက်နေ့ရန်ကုန်ရောက်ပြီး၁၁ရက်နေ့ညီလာခံတက်ပါတယ်၊၁၁ရက်နေ့ညမှာပဲ ကားနဲ့ မန္တလေးကိုပြန်လိုက်ခဲ့ပါတယ်၊
၁၂ရက်နေ့မှာလုပ်မယ့် အမေ့ရဲ့ မွေးနေ့အထိမ်းအမှတ်ကတ္တရာလမ်းခင်းလှူ ရေစက်ချပွဲလေး မှီအောင်လို့ ၁၁ရက်နေ့ ချက်ချင်းပြန်ဖြစ်ခဲ့ပေမယ့် အမေကိုယ်တိုင်မတက်နိုင်ခဲ့တဲ့ ရေစက်ချပွဲမှာ အမေ့ကို ခင်မင်လေးစားတဲ့ ရဟန်းသံဃာများရဲ့မျက်နှာတွေက
ဝမ်းနည်းမှုများနဲ့ ပြည့်လျှံနေပါတယ်၊ရေစက်ချပွဲပြီးလို့ ရဟန်းတော်တွေ ပြန်ကြွသွားတော့ အိမ်အောက်ထပ်မှ ကြာဇံစတုဒီသာကျွေးမွေးမှုကို ဆက်လုပ်ခဲ့ပါတယ်၊အဲဒီအချိန် ကျွန်တော်ကတော့ ဆေးရုံပေါ်က အမေ့ရဲ့လူနာတင်ကုတင်နဘေးမှာ ပုဆစ်ဒူးတုတ်လျှက်
အမေ့ရဲ့ မျက်နှာကို အားပါးတရကြည့်ရှု့ကြည်ညိုလျှက်..။အဲဒီနေ့၁၀နာရီလောက်မှာပဲ နှလုံးအထူးကုသမားတော်ကြီးပါမောက္ခဦးထွန်းရွှေက လာကြည့်ပြီးလိုအပ်တာတွေ ညွှန်ကြားပါတယ်၊နောက်ထပ် ၁နာရီခွဲလောက်မှာ အဆုတ်နဲ့ရင်းခေါင်းဌာနဌာနမှူး အထူးကုသမားတော်ကြီး
ပါမောက္ခဦးရဲထွန်း လာကြည့်ပေးပြန်ပါတယ်၊ဆရာကြီးတွေရဲ့ မျက်နှာကတော့ ခါတိုင်းလို ဟက်ဟက်ပက်ပက်မရှိတာသတိပြုမိခဲ့ပေမယ့် ၁၄ရက်နေ့မနက်မှာတော့ အမေ့ကျန်းမာရေး ပြန်ကောင်းလာပါတယ်၊မျက်နှာလေးလည်း ကြည်ကြည်ရွှင်ရွှင်ဖြစ်လာတော့
ကျွန်တော်တို့ မောင်နှမတွေ ရယ်ကြမောကြ ပျော်ကြရွှင်ကြရပြန်တာပေါ့၊မှတ်မှတ်ရရ အဲဒီ၁၄ရက်နေ့ ည၈နာရီလောက် အိမ်ပြန်ဖို့ အမေ့ကိုကန်တော့လိုက်တော့ အမေက သူ့အနားမှာ အချိန်ပြည့် ပြုစုနေတဲ့ မြေးမလေး မဂျူလှိုင်ကို ငါ့ကို ပိုက်ဆံထုတ်ပေးစမ်းလို့
အမေက ပြောပါတယ်၊တူမလေးက ဘယ်လောက်လဲဆိုတော့ တစ်ခုလို့ အမေက ပြောပါတယ်၊ တူမလေးထံက တစ်ဆင့် အမေကိုယ်တိုင် ၅၀၀၀တန်အရွက်(၂၀)ကို ကျွန်တော့်လက်ထဲထည့်ပေးပြီး မုန့်ဖိုးလို့ လည်း ပြောပါတယ်၊ကျွန်တော်အမေ့ကို ဦးပြီးပြန်ထတော့ ခဏနေဦးလို့
အမေက တားပါတယ်၊ပြီးတော့ အစ်ကိုကြီးနဲ့ အစ်ကိုလတ်နဲ့ မရီးဖြစ်သူတွေအတွက် တစ်ယောက်တစ်သိန်းစီ ပေးဖို့ ငွေ၃သိန်း ကျွန်တော်လက်ထဲ ထပ်ထည့်ပေးပြန်ပါတယ်၊ကျွန်တော်က အမေ့ကိုနောက်ချင်လို့..“ကျွန်တော်က မေ့တတ်တယ်နော်၊မပေးဖြစ်ရင်တော့
တာဝန်မယူဘူး”လို့ပြောဖြစ်လိုက်တော့ အမေ အားပါးတရ ပြုံးနေခဲ့ပါတယ်၊
၁၅ရက်နေ့မှာတော့ အမေအခြေအနေဟာ ပြန်ဆိုးလာပြန်ပါတယ်၊အခြေအနေဆိုးတယ်ဆိုပေမယ့် ဝေဒနာကိုပြင်းပြင်းထန်ထန် မချိမဆံ့ခံစားရတာမျိုးတော့ မဟုတ်ပါဘူး၊ညအိပ်မပျော်တာ ဆီးကောင်း ကောင်းမသွားနိုင်တာ လောက်ပါပဲ၊ဒီကနေ့မှာတော့ နန်းတော်
ဆေးရုံက ၆ထပ်မှာတာဝန်ကျတဲ့ ဆရာဆရာမတွေ သူနာပြုတွေမျက်နှာဟာ ညိုးနွမ်းနေကြသလိုပါပဲ၊သူတို့တတွေဟာ အမေကို သိပ်ချစ်ကြတာပါ၊အမေကလည်း ဘယ်တော့ဆေးရုံတက်တက် နန်းတော်ပဲတက်တယ်၊ အခန်းကိုလည်း ၆ထပ်က ၆၁၄ကိုပဲ ရွေးတယ်၊
အမေဟာ နွေရာသီပူပြင်းတိုင်း နန်တော်ဆေးရုံကို တက်ရလေ့ရျိပြီး ဆေးရုံတစ်ခါတက်ရင် ၂လ ၃လတစ်ခါတစ်ခ် ၄-၅လအထိ ကြာတတ်တော့ ဒီဆရာမတွေနဲ့က သားအမိလိုကို ရင်းနှီးနေကြတာ၊အမေကလည်း သူတို့တတွေ အားလုံးကို(သန့်ရှင်းရေးလုပ်သားအထိ)
ကျွေးမွေးပေးကမ်းနေခဲ့တာပါ၊ ၁၅ရက်မနက် ကျွန်တော်ဆေးရုံရောက်တော့တောင် ဆိုင်ကယ်စတင်းစေါင့်တဲ့လူငယ်လေးက ကျွန်တော်ကို့ပြောခဲ့ပါသေးတယ်၊“အမေကြီးက သူ့မွေးနေ့အဖြစ် ကျွန်တော်တို့ တစ်ဖွဲ့လုံး မုန့်ဖိုး၂၀၀၀စီပေးတယ်ဗျ”..တဲ့၊
အဲဒီလူငယ်ကလေးရဲ့ ဟန်ပန်ကိုကြည့်ရတာဟာ ငွေ၂၀၀၀ရဲ့ တန်ဖိုးထက် သူတို့လို အောက်ခြေကလူတွေကို ဂရုတစိုက်ပေးကမ်းတဲ့အပေါ်မှာ ပီတိတွေဖြစ်နေပုံပါပဲ၊
၁၅ရက်နေ့ နန်းတော်ဆေးရုံကပြန်တော့ မိုးအတော်ချုပ်နေပါပြီ၊အမေ့ကို ကျွန်တော်နဲ့ ကျွန်တော်တူကလေး ကန်တော့ကြတော့ အမေဟာ ဝေဒနာတွေကြားက ပြုံးပြီး ဆုတွေပေးပါတယ်၊အဲဒီအချိန်က ပြုံးပြတဲ့အမေ့ရဲ့ အပြုံးမျိုးဟာ ကျွန်တော့်တစ်သက်မှာ
တစ်ခါမှ မတွေ့ဘူးတဲ့ အပြုံးမျိုးဖြစ်နေလို့ ကျွန်တော့်ရဲ့စိတ်ထဲ ထင့်ကနဲ ဖြစ်သွားမိပါတယ်၊ကျွန်တော်ရင်ထဲက အတွေးကို ကျက်မိပုံရတဲ့အမေက ထူးထူးခြားခြား အသံခပ်ယဲ့ယဲ့နဲ့ “ပိုက်ဆံတော့ ပေးစရာ မကျန်တော့ဘူးနော်”လို့ လှမ်းနောက်ပါသေးတယ်၊
အနားမှာရှိနေကြတဲ့ အခြားမောင်နှမတွေကတော့ မျက်ရည်ဝဲနေတဲ့ကြားက ပြုံးသွားခဲ့ကြပါတယ်၊အဲဒီလိုရယ်စရာ ပြောနေတဲ့အမေဟာ နောက်ထပ်(၁၆)နာရီမှာ ကျွန်တော်တို့တတွေကို ရာသက်ပန်ခွဲခွါသွားတော့မယ်ဆိုတာဘယ်သူကများ ယုံနိုင်ကြမှာတဲ့လဲ၊
နောက်တစ်ရက် (၁၆၊၈၊၁၂)ရက်နေ့မနက်(၇)နာရီမှာတော့ ကျွန်တော်အခန်းကို ကျွန်တော်အစ်ကိုကြီးရောက်လာပြီး အမေ့အခြေအနေ မကောင်းတဲ့အတွက် ICUတင်ဖို့ မတင်ဖို့ မောင်နှမတွေတိုင်ပင်ပြီး အဖြေပေးဖို့ အဆုတ်နဲ့ရင်းခေါင်းဌာနဌာနမှူး
အထူးကုသမားတော်ကြီးဦးရဲထွန်းက ပြောတဲ့အကြောင်းနဲ့ အခုချက်ချင်းဆေးရုံကို သွားကြဖို့ပြောပါတယ်၊ကျွန်တော်ဆေးရုံရောက်တော့ (၈)နာရီထိုးနေပြီး၊အမေ့ကိုထားထားတဲ့ အခန်း၆၁၄ရဲ့ ရှေ့မှာ မောင်နှမတွေအားလုံး မျက်ရည်အရွဲသားနဲ့ ကြိတ်ငိုနေကြပြီ၊
ကျွန်တော်ကသူတို့ကိုနှုတ်မဆက်ဖြစ်တော့ပဲ အမေရှိရာ အခန်း၆၁၄ထဲကို ၀င်သွားခဲ့ပါတယ်၊ကုတင်ပေါ်မှာ တူမလေးက အမေ့ကို ပွေ့ထားရာကနေ “မာမီယုံ..ဖေဖေထိုက်လေ”လို့ပြောတော့ မနေ့ညက ပြုံးတဲ့ အပြုံးမျိုးနဲ့ ပြုံးပြပြီးသိသိသာသာခေါင်းညိမ့်နှုတ်ဆက်ပါတယ်၊
ပြီးတော့ အမေ့ မျက်လုံးလေး ပြန်မှိတ်ပြီး နားနေပါတယ်၊အသက်ရူသံကတော့ ခါးတိုင်းထက် ပိုကျယ်နေသလိုပါပဲ၊အနားမှာလည်း ဆရာဝန်မတစ်ယောက်နဲ့ သူနာပြုဆရာမ(၂)ယောက်က ပြုစုပေးနေပါတယ်၊ဒီလိုနဲ့ ကျွန်တော် အခန်းအပြင်ထွက်လာပြီး မောင်နှမတွေတိုင်
ပင်ဖြစ်ကြပါတယ်၊ ICUတင်ဖို့ မတင်ဖို့ပြောကြဆိုကြ မိုးကုတ်မှာတာဝန်ထမ်းဆောင်နေတဲ့ ကလေးအထူးကုဆရာဝန်ဖြစ်တဲ့ တူမဖြစ်သူထံဖုန်းဆက် အကြံဥာဏ်တောင်းကြနဲ့ နောက်ဆုံးတော့ နေ့လည်မှာ ICUတင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်၊ကျွန်တော်လည်းအဲဒီမှာ
တစ်စုံတစ်ခုကို သတိရမိလိုက်ပါတယ်၊မနှစ်တုန်းကလည်း အမေဟာ အခုလိုပဲ သေမင်းနဲ့ စစ်ခင်းခဲ့ဖူးပါတယ်၊အဲဒီအချိန်က ကျွန်တော်ဟာ မန္တလေးသားဗုဒ္ဓဘာသာဝင်တွေ ဦးထိပ်ထားတဲ့ ဘုရားကြီးကို ရွှေသင်္ကန်းနဲ့ ပန်းရေချမ်းတွေလှူပြီး တိုင်တည်ဆုတောင်းခဲ့ဖူးပါတယ်၊
တိုက်ဆိုင်မှုအရ အမေပြန်နေကောင်းခဲ့ဖူးတာလေးတွေးမိပြီး တူတော်မောင်ကို ခေါ်ပြီး ဘုရားကြီးကိုသွားဖြစ်ပါတော့တယ်၊ဘုရားကြီးရောက်တော့ အရင်တစ်ခါလိုမျိုး ရွှေချ ရေလှူလုပ်ပြီး ဆေးရုံကို ပြန်လာဖြစ်ခဲ့ပေမယ့် စိတ်ကတော့ လေးနေပါတယ်၊ဆေးရုံပြန်ရောက်တော့ အမေ
ဟာကျွန်တော့်ကို နှုတ်မဆက်နိုင်ရှာတော့ပဲ မှိန်းနေပါတယ်၊အနားမှာ မောင်နှမတွေ ၀ိုင်းနေကြတဲ့အပြင် ဆရာဆရာမတွေလည်းရှိနေတာနဲ့ ကျွန်တော်အိမ်ကိုခဏပြန်ခဲ့ပါတယ်၊အိမ်ရောက်ပြီး ခဏအကြာနေ့လည်(၂)နာရီမှာတော့ အမေ ဆုံးသွားပြီးဖြစ်တဲ့အကြောင်း ဆေးရုံကနေ
ဖုန်းဆက်ခဲ့ပါတယ်၊ဒီနေရာမှာ အမေ့လိုအင်လေး ပြည့်သွားခဲ့ပုံလေးပြောပြချင်ပါသေးတယ်၊အမေဟာ ဟိုးအရင်ကတည်းက ကျွန်တော်တို့တတွေကို ပြောခဲ့ဖူးတာလေးရှိပါတယ်၊“ငါသေရင် ချက်ချင်းသင်္ဂြိုလ်ကြ၊လူဆိုတာသေရင်ပြီးပြီ”တဲ့၊တကယ်တမ်းပြောရရင် ကျွန်တော်တို့ရဲ့
ဘ၀မှာ အလေးအမြတ်အထားဆုံး၊တန်ဘိုးအကြီးဆုံး အမေ့ကို ဘယ်လိုအတွေနဲ့မှ ချက်ချင်းသင်္ဂြိုလ်ချင်ကြပါဘူး၊ရက်ကြာကြာထားလို့ ရသမျှ ထားချင်ကြတာ၊ဖြစ်နိုင်လို့များက တစ်သက်လုံး ရေခဲရိုက်ပြီး အမေ့ရုပ်ကလပ်ကို လွမ်းတသသကြည့်နေချင်ခဲ့ကြတာပါ၊သို့သော်
အမေဆန္ဒပြည့်ဝပုံကတော့ အမေကွယ်လွန်တဲ့နေ့က အဖိတ်နေ့၊မြန်မာထုံးစံအရ လမကူးရ၊ဒီတော့ နောက်တစ်ရက်မှာပဲ အသုဘကိစ္စရော ဆွမ်းကိစ္စပါ အပြီးစီစဉ်လိုက်ရပါတော့တယ်..၊
အမေရေ...
လောကကြီးမှာ လူဆိုတာ သေရင် ပြီးပြီတဲ့လား၊မပြီးသေးပါဘူးအမေ၊အမေဟာမြင့်မြတ်ခဲ့တဲ့သူပါ၊ အမေ့မှာ မုန်းသူ မရှိပါဘူး၊အမေတိမ်းပါးသွားလို့ ၀မ်းမြောက်ဝမ်းသာသူ မရှိခဲ့ပါဘူး၊၀မ်းနည်းကြေကွဲသူတွေသာ ရှိခဲ့ကြတာပါ၊နောက်ပြီး အမေဟာ လူထုအကျိုးဆောင်ရွက်တဲ့
ခင်ပွန်းဖြစ်သူကိုပိုင်ဆိုင်ခဲ့တဲ့အပြင် လူထုကို ဒုက္ခမပေးတဲ့ သားသမီးများဖြစ်အောင် ကျွန်တော်တို့တတွေကိုပုံသွင်းနိုင်ခဲ့တဲ့ မိခင်ကောင်းဖြစ်ပါတယ်၊အမေသေသွားသော်လည်း အမေ့ကျေးဇူးကို ကျွန်တော်တို့ မောင်နှမတွေသာမက ကြားသမျှ သိသမျှသူတွေအားလုံး ပြောလို့
ဆိုလို့ ပြီးကြတော့မှာ မဟုတ်ပါဘူး၊ဘာဖြစ်လို့လည်းဆိုတော့ အမေဟာ လူသား ချင်းစာနာတတ်တဲ့၊ကူညီတတ်တဲ့အပြင် ဖြူစင်တဲ့ သီလနဲ့ သမာဓိ၊ မှန်ကန်တဲ့ ရပ်တည်ချက်လည်း ရှိခဲ့တဲ့အမျိုးသမီးကြီးတစ်ဦးဖြစ်နေခဲ့လို့ပါ၊အမေ..ကောင်းရာဘုံကနေ ကျွန်တော်တို့အတွက်
ဂုဏ်ယူဖွယ်ဖြစ်အောင်နေထိုင်သွားပါ့မယ်လို့ ဂတိပြုလိုက်ပါတယ်ကျွန်တော်ချစ်သော ရိုးသော အမေခင်ဗျား....။
ဟာဂျူလီ(ကသာ)
From https://www.facebook.com/herjulekatha

Share on Facebook

by herjulekatha
View 838 times
Posted Date June 18, 2013, 6:43 pm
Modified Date June 18, 2013, 6:43 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved