...ဟာဂျူလီ(ကသာ)



ပူတာအိုမှာ မေ့ဆေးဆရာဝန်နှင့် လက်ထောက်ဆရာဝန်များ လိုအပ်လျှက်ရှိ (လူထုအော်သံ)

ပူတာအိုမှာ မေ့ဆေးဆရာဝန်နှင့် လက်ထောက်ဆရာဝန်များ လိုအပ်လျှက်ရှိ (လူထုအော်သံ)

ဦးဟာဂျူလီခင်ဗျား၊
ဒီစာ လေး ဦးဟာဂျူလီဆီရောက်အောင် ကျွန်တော် မနည်းကြီးကြိုးစား ပို့လိုက်ရတာဖြစ်လို့ ဒီစာ ကို
ဦးဟာဂျူလီတို့အဖွဲ့အနေနဲ့ ဖေါ်ပြဖြစ်အောင် ဖေါ်ပြပေးစေလိုပါတယ်၊အခုဖေါ်ပြချက်ဟာ ပူတာအိုတစ်ခရိုင်လုံး
အတွက် အလွန် အရေးကြီးနေလို့ ကူညီဖေါ်ပြပေးစေလိုပါတယ်၊
ကျွန်တော်ဟာ ပူတာအိုနယ်သား ၀န်ထမ်းတစ်ယောက် ဖြစ်ပါတယ်၊မိုးရာသီအနေနဲ့ ပူတာအိုကနေ မြို့ပေါ်သွားစရာဆိုလို့
လေယာဉ်ပျံလမ်း တစ်လမ်းသာ ရှိပါတယ်၊လေယာဉ်ပျံက နေ့တိုင်း ပျံလို့ မရပါဘူး၊မိုးတိမ်အခြေအနေနဲ့ လေတိုက်တာကို
ကြည့်ပြီး ပျံရတာဖြစ်တော့ အမြဲတမ်း ပျံလို့ မရပါဘူး၊ဒီလို ဝေးလွန်တဲ့ အတွက် ကျွန်တော်တို့ ပူတာအိုခရိုင်တစ်နယ်လုံးဟာ
ပူတာအိုက ဆေးရုံကြီးကိုပဲ အားကိုးနေရပါတယ်၊ဒီလို ကျွန်တော်တို့လီဆူးတွေ ရ၀မ်တွေကချင်တွေ အားကိုးနေရတဲ့ဆေးရုံမှာ
လိုအပ်ချက်တွေ အလွန်များပြားလှပါတယ်၊
ပထမ လိုအပ်နေတာကတော့ မေ့ဆေး ဆရာဝန်ကြီးပါ၊ ပူတာအိုမှာ ခွဲစိပ်ဆရာဝန်ကြီးတော့ ရှိနေပြီး မေ့ဆေးဆရာဝန် ရှိ မနေလို့
အရေးကြီးတဲ့ ခွဲစိပ်တာတွေ မလုပ်နိုင်တာ (၂)နှစ်လောက် ရှိနေပါပြီ၊
ဒုတိယကတော့ ဆရာဝန်ပေါက်စန(လက်ထောက်ဆရာဝန် ASကို ဆိုလိုဟန်ရှိပါသည်)တစ်ယောက်ထဲ ရှိနေတဲ့အတွက် လက်မလည်
ဘူး ဖြစ်နေပါတယ်၊အမှန်ကတော့ ဆရာဝန် ပေါက်စန (၂၂)ဦး ရှိရမှာလို့ သိရပါတယ်၊မြစ်ကြီးနားမှာ ဆရာဝန်ပေါက်စန (၇၀)လောက် အလုပ်မရှိဖြစ်နေပြီး
ပူတာအိုခရိုင်ကို မလာချင်လို့ဆိုပြီး ပြောသံ ကြားနေရပါတယ်၊ဒါကြောင့်ကျွန်တော်တို့ ပူတာအိုနယ်မှာ မေ့ဆေးဆရာဝန်နဲ့ ဆရာဝန်ပေါက်စနတွေ လိုအပ်နေလို့
ပို့ပေးကြပါလို့ စာရေးလိုက်ရပါတယ်၊
ပူတာအိုမှ ၀န်ထမ်းတစ်ဦး
အယ်ဒီတာမှတ်ချက်။ ။ စာအရေးအသားတွေ စာလုံး အထားအသိုတွေ ရှုတ်နေလို့ သူဆိုလိုချင်တာကို ထုတ်နှုတ် ဖေါ်ပြလိုက်တာပါ၊အဓိက သူပြောချင်တာက
ခရိုင်အဆင့် ပူတာအိုဆေးရုံမှာ OGတွေ ခွဲစိပ်အထူးကုကြီးတွေ ရှိနေပေမယ့် အရေးကြီးတဲ့ မေ့ဆေးအထူးကု မရှိတဲ့အတွက် နဲ့ လက်ထောက်ဆရာဝန်(၂၂)ယောက်
ရှိရမယ့် ဆေးရုံကြီးမှာ (၁)ယောက်ပဲ ရှိနေတဲ့အတွက် သူတို့လိုအပ်ချက်တွေကို ရင်ဖွင့် တောင်းခံခြင်း ဖြစ်ပါတယ်၊သူရဲ့ ပေးစာနဲ့ ပါတ်သက်ပြီး ကျွန်တော်အနေနဲ့
ပူတာအိုနဲ့ နီးစပ်ရာကို စုံစမ်းကြည့်တော့ မှန်ကန်မှု ရှိနေတာကို သိရပါတယ်၊ သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်ချက်ကို ဖြည့်ဆီးပေးသင့်ပါတယ်၊

Share on Facebook

by herjulekatha
View 392 times
Posted Date October 8, 2013, 3:45 pm
Modified Date October 8, 2013, 3:45 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved