...ဟာဂျူလီ(ကသာ)



"ခေါင်းပေါ်က ဆင်းစမ်း"(ဆရူဂျာ)

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

"ခေါင်းပေါ်က ဆင်းစမ်း"(ဆရူဂျာ)
တစ်ခါက စက်တင်ဘာအရေးအခင်းအတွင်း သံဃာတော်များကို ကိုယ်တိုင်ကိုယ်ကျ သေနတ်ဖြင့် ပစ်ခတ်ခဲ့သော လုံခြုံရေး တပ်ဖွဲ့အကြီးအကဲတစ်ဦး သေဆုံးပြီး
ငရဲပြည်သို့ ရောက်ရှိလာသည်၊ယမမင်းက ထိုတပ်ဖွဲ့ဝင်အား အောက်ပါအတိုင်းရှင်းပြလေ၏၊
"မင်းတို့လူပြည်မှာ ခေတ်မီသလို ငါတို့ ယမမင်းနိုင်ငံမှာလည်း ခေတ်မီနေပြီ၊အရင်လို ငရဲသားတွေကို ဆီပူအိုးထဲ ထည့်ကျော်တာတို့၊သံချွန်နဲ့ ထိုးတာတို့ မလုပ်တော့ဘူးကွ၊ငရဲသားတွေအတွက်
ကန်ကြီးတစ်ကန်ထဲ လုပ်ထားပြီး အပြစ်ရှိသူတွေကို အဲဒီကန်ထဲ ပစ်ထည့်လိုက်တယ်၊ကန်ထဲကရေဟာ တစ်ခါတစ်ခါ ရေခဲမှတ်နီးပါး အေးခဲသွားပြီး တစ်ခါတစ်ခါ ရေဆူမှတ် ရောက်လောက်တဲ့အထိ
ပူပြင်းသွားအောင် ကွန်ပျူတာနဲ့ထိန်းချုပ် စီမံထားတယ်၊ အပြစ်ပေးခံရတဲ့ ငရဲသားတွေကို သူကျူးလွန်ခဲ့တဲ့ အပြစ် အကြီးအသေး အနည်းအများအလိုက် ရေထဲ နစ်ကျအောင်လည်း ကွန်ပျူတာနဲ့ပဲ
ထိန်းထားတယ်၊"
ထိုသို့ရှင်းပြပြီးနောက် လုံခြုံရေး တပ်ဖွဲ့အကြီးအကဲအား ကန်ထဲသို့ ပစ်ချလိုက်လေသည်၊လုံခြုံရေး တပ်ဖွဲ့အကြီးအကဲ၏ ခါးလည်အထိ ရေထဲ နစ်မြုတ်သွားပြီး ထိုသူထံမှ တအီးအီး
တအားအား အော်ဟစ်သံများ ဆူညံစွာ ထွက်ပေါ်လာလေသည်၊ ခဏအကြာ ခါးလည်အထိေ၇ထဲနစ်မြုတ်နေသော လုံခြုံရေး တပ်ဖွဲ့အကြီးအကဲမှ ယမမင်းအား
".ယမမင်းနိုင်ငံက ကွန်ပျူတာက မှန်လည်းမမှန်ဘူး၊ကျုပ်လို သံဃာတော်(၃)ပါးလောက်ကို ပစ်သတ်တဲ့သူကိုတော့ ခါးလည်အထိ နစ်မြုတ်စေပြီး..ဟောဟိုကမှာ သံဃာတော်အပါး(၁၀၀)လောက်ကို
ပစ်သတ် ၊လူတွေသောင်းချီပြီး ထောင်ထဲပို့ ၊ လူမဆန်အောင်နှိပ်စက်ခိုင်းခဲ့တဲ့ ဦးသန်းရွေကိုတော့ ခြေမျက်စိလောက်ကလေးပဲ မြုတ်ထားခိုင်းတာတော့ မှားလွန်းနေပါတယ်ဗျာ" ဟု
အော်ဟစ်ပြောဆိုလိုက်လေသည်၊ ထိုအခါ ယမမင်းလည်း ဦးသန်းရွှေနစ်မြုတ်ရာနေရာကို သေချာစွာကြည့်ပြီး အောက်ပါအတိုင်း အော်ဟစ်ကြိမ်းမောင်းလိုက်လေတော့သတည်း။
"ဟေ့ကောင်သန်းရွှေ၊ နေ၀င်းရဲ့ ခေါင်းပေါ်ကနေ အခုချက်ချင်း ခုန်ဆင်းလိုက်စမ်း"..။(ဆရူဂျာ)

Share on Facebook

by herjulekatha
View 553 times
Posted Date November 16, 2013, 9:08 am
Modified Date November 16, 2013, 9:08 am


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved