...ဟာဂျူလီ(ကသာ)



(တပ်အတွင်းမှ ဟာသများ) "BE ကွ၊ G1 လည်း (၅၀)ပဲ" (ဟာဂျူလီ-ကသာ)

ဟာသတွေ မရေးရတာကြာနေလို့ မိတ်ဆွေများအတွက် ရေးတင်လိုက်ပါတယ်၊
(တပ်အတွင်းမှ ဟာသများ)
"BE ကွ၊ G1 လည်း (၅၀)ပဲ" (ဟာဂျူလီ-ကသာ)
**************************
လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာက ကျိုင်းတုံကားလမ်းပေါ်မှာ BEက တာဝန်ယူတဲ့ မောင်းတန်ဂိတ်တစ်ခု ရှိခဲ့ပါတယ်၊တစ်ရက်မှာတော့
မောင်းတန်ဂိတ် တာဝန်ကျ တပ်ကြပ်တစ်ဦးက အလေးအပင်သွားချင်လာတာနဲ့ သတင်းတန်းဆင်းခါစ ရဲဘော်သစ်ကလေးကို
"ဟေ့ကောင် ဂိတ်မှာ လာထိုင်စမ်း၊ကားတစ်စီးဖြတ်ရင် ငွေ(၅၀)တောင်းထားလိုက်၊ တပ်ကကားတွေဆို မတောင်းနဲ့" လို့မှာပြီး ဂိတ်ကနေ လိုင်းခန်းကို ပြန်ခဲ့ပါသတဲ့၊
တပ်ကြပ်ပြန်သွားပြီး မကြာခင်မှာပဲ ဂိတ်ကို ခေတ်မီတဲ့ ကားအဖြူလေးတစ်စီး မီးအချက်ပြပြီး ထိုးဆိုက်လာပါတယ်၊ကားမောင်လာတဲ့ အရပ်ဝတ်နဲ့လူက ဂိတ်စောင့် ရဲဘော်ကို
" ဟေ့ကောင်၊မောင်းတန် ဖွင့်စမ်း"လို့ ဒေါသတကြီးနဲ့ ဖွင့်ခိုင်းပါတယ်၊
ရဲဘော်သစ်ကလေးက ကားအရောင်ကို သေချာကြည့်ပြီး
" ဖွင့်စေချင်ရင် (၅၀)ပေး"
" ဟေ့ကောင် ဒါတပ်ကားကွ၊ ဒီကားနံပါတ်ပြားမှာ ကြယ်ပွင့်တံဆိပ်တပ်ထားတာ မမြင်ဘူးလား'
"ဟေ့လူ..၊ခင်ဗျားကား နံပါတ်မှာ ကြယ်ပွင့် တပ်ထားတာ ကျုပ်က ဘာလုပ်ရမှာလဲ၊စစ်ကားဆိုတာ အစိမ်းရောင်မှန်း ကျုပ်က သိပြီးသားဗျ၊၊လာဝှိုက်မနေနဲ့"
" ဟေ့ကောင် ငါ ဂျီဝမ်း ကွ"
"ဒီမယ် ဦးဂျီဝမ်း၊ တောင်တောင်အီအီတွေ လျှောက်ပြော မနေနဲ့၊ကျုပ်က BE တပ်ကဗျ၊ဦးဂျီဝမ်းလည်း ငွေ(၅၀)ပဲ" ဟူသတတ်။
(ဟာဂျူလီ-ကသာ)

Share on Facebook

by herjulekatha
View 491 times
Posted Date November 22, 2013, 2:27 pm
Modified Date November 22, 2013, 2:27 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved