...ဟာဂျူလီ(ကသာ)



(တပ်အတွင်းမှ ဟာသများ) "ဘု ပါလို့ ဖမ်းတာ" (ဟာဂျူလီ-ကသာ)

(တပ်အတွင်းမှ ဟာသများ)
"ဘု ပါလို့ ဖမ်းတာ" (ဟာဂျူလီ-ကသာ)
**************************
တစ်ခါက မြို့တစ်မြို့ရဲ့ မြို့လည်မှာ နေ့ခင်းကြောင်တောင် ဓါးပြတိုက် လူသတ်မှုတစ်ခုဖြစ်သွားပါတယ်၊အခင်းဖြစ်ရာနေရာကို တပ်က တာဝန်ရှိသူတွေလည်း
ရောက်လာကြပါတယ်၊ ဓါးပြတိုက် လူသတ်မှုသွားတဲ့သူတွေဟာ မျက်နှာဖုန်းစွပ်ထားလို့ ဘယ်သူဘယ်ဝါမှန်း မသိကြပေမယ့် ဓါးပြအဖွဲ့ထဲက တစ်ယောက်ရဲ့
ကျောကုန်းမှာ 'ဘု' ပါတာကိုတော့ ဓါးပြတိုက်ခံလိုက်ရတဲ့သူတွေက ထွက်ဆိုကြပါသတဲ့၊ ဒီလို ဓါးပြတစ်ယောက် 'ဘု'ပါမှန်းသိရတော့ ရဲက မြို့ထဲမှာ ရှိတဲ့
'ဘု'ပါသူစာရင်းကို ပြုစုကြရတော့တာပေါ့၊ အဲဒီလိုအချိန်မှာ တပ်ကအရာရှိတစ်ယောက်က မြို့အထွက်မောင်းတန်ဂိတ်မှာ တာဝန်ကျနေတဲ့ တပ်ကြပ်တစ်ယောက်ကို
ဖုန်းဆက်ပြီး.."ဒီမှာ ဓါးပြမှုတစ်ခုဖြစ်သွားတယ်၊ မင်းတို့ မောင်းတန်ဂိတ်ကို ဖြတ်တဲ့ကားတွေထဲမှာ 'ဘု'ပါရင် ဖမ်းထားလိုက် " လို့ အမိန့်ပေးပါတယ်၊
ဓါးပြကိစ္စပြောဆိုဆောင်ရွက်ပြီး တပ်ရင်းကို အပြန် မြို့အထွက်မောင်းတန်ဂိတ်ကိုဖြတ်တော့ ကားအစီး(၂၀)လောက် စီတန်းပြီး ရပ်ထားတာတွေ့ရတော့ အရာရှိက
တာဝန်ကျတပ်ကြပ်ကိုခေါ်ပြီး မေးပါတဲ့၊ဒီကားတွေ ဘာလုပ်ထားတာလဲပေါ့၊ တပ်ကြပ်ကလည်း " နေ့လည်က ဗိုလ်မှူးပဲ ဖုန်းဆက်တယ်လေ၊ကားတွေထဲ 'ဘု'ပါရင်
ဖမ်းထားလိုက်ဆို၊ ဒီကားတွေ ဟာ 'ဘု'ပါတဲ့ ကားတွေကြီးပါပဲ" ဆိုပြီး ကားရှေ့အောက်ကို ငုံ့ဝင်ပြီး 'ဘု'တွေကို လက်ညိုးထိုးပြပါတယ်၊
တပ်ကြပ် လက်ညိုးထိုးပြတဲ့ 'ဘု'ကတော့ ဖိုးဝီးကားတွေမှာ ပါလေ့ရှိတဲ့ ရှေ့ကရောင်းတွေ ဖြစ်နေပါသတဲ့၊နှစ်ဘီးမောင်း ဆိုရင် နောက်မှာ ကရောင်းအုံ ပါပြီး
လေးဘီးမောင်းဆိုရင် ရှေ့မှာပါ ထင်သာမြင်သာရှိတဲ့ ကရောင်းအုံအကြောင်းကို မသိတဲ့ တပ်ကြပ်က ကားရှေ့ကနေ အောက်ငုံ့ကြည့်ပြီး ရှေ့ကရောင်းပါတဲ့
ကားမှန်သမျှ ကားမှာ 'ဘု'ပါတယ်ဆိုပြီး ဖမ်းထားတာပဲ ဖြစ်ပါလေသတဲ့ဗျာ.။(ဟာဂျူလီ-ကသာ)

Share on Facebook

by herjulekatha
View 545 times
Posted Date November 22, 2013, 2:28 pm
Modified Date November 22, 2013, 2:28 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved