...ဟာဂျူလီ(ကသာ)



(လူထုအော်သံ ) "ရှမ်းမြောက်က ချဲ"

(လူထုအော်သံ ) "ရှမ်းမြောက်က ချဲ"
**************************
သို့/
ဆရာဦးဟာဂျူလီ
ရိုသေစွာ စာရေးလိုက်ပါသည်၊
ကျွန်တော်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာသား ဖြစ်ပါသည်၊၊
ဆရာ့ဆီ စာရေးချင်တာ အတော်ကြာပါပြီ၊ အခု လူကြုံတစ်ယောက်က ကသာရောက်ရင် ဆရာ့ဆီ စာသွားပို့ပေးမယ်ဆိုလို့
အခုမှ ရေးဖြစ်လိုက်တာပါ၊
အခု ကျွန်တော်တို့ ရွာသားတွေဟာ ဘ၀ပျက်သူတွေ ခိုးတတ်တဲ့သူတွေ လယ်မြေအိမ်ခြေ ပေါင်နှံရောင်းချသူတွေ ဖြစ်ကုန်လို့ ဆရာဆီ စာရေး အသိပေးရခြင်းဖြစ်ပါသည်၊
ကျွန်တော်တို့ဆီမှာက ဆရာ့လို မြို့အကျိုး ရွာအကျိုးေ၇းတဲ့သူ မရှိလို့၊ ဆရာအနေနဲ့ ရေးဖြစ်အောင် ရေးပေးပါ၊ ရေးပေးခလိုရင်လည်း အခုစာလာပေးတဲ့သူ မှာလိုက်ပါ၊
ကျွန်တော် လူကြုံကောင်းနဲ့ ပါးပေးလိုက်ပါမည်၊
ကျွန်တော်တို့ ငါးအိုးရွာမှာ ချဲဒိုင်၊ဘောလုံးဒိုင် လုပ်တဲ့သူ (၄)ယောက်ရှိပါတယ်၊သူတို့ဟာ ကားတွေတိုက်တွေနဲ့ပါ၊သူတို့မှာ လက်ခွဲဒိုင်ပေါင်း(၁၂၀)ကျော်ရှိပါတယ်၊ ငါးအိုးရွာရဲကင်းကို
ချဲတစ်ပါတ်လျှင် (၁၅၀၀၀၀)ကျပ် လိုင်းကြေးပေးကြပါတယ်၊ ဒါကြောင့် ချဲ ဘောလုံးတွေကို ဗြောင်ရောင်း နေကြပါတယ်၊ မဘိမ်းမြို့နယ်က ရဲလူကြီးတွေလာကြပြီး သူတို့ကိုလည်း
လစဉ် လိုင်းကြေးပေးကြပါတယ်၊ ဒီကိစ္စအတွက် နေပြည်တော်က လူကြီးတွေ လာစစ်မယ်ဆိုတော့ စခန်းမှူးဦး × ချစ် ကိုယ်တိုင်က နားခိုင်းထားပြီး လူကြီးတွေပြန်ရင် ဆက်လုပ်ခိုင်းပါတယ်၊
နေပြည်တော်က စစ်ဆေးတဲ့ သူတွေကိုလည်း စခန်းမှူးဦး × ချစ် မှ နေ့စဉ် ထက်ဦးလှိုင်စားသောက်ဆိုင်နဲ့ စတား စားသောက်ဆိုင်တွေမှာ ဧည့်ခံပါတယ်၊ဒီလိုတွေ ဖြစ်နေတဲ့ ကျွန်တော်တို့ ရွာက
လူတွေကို သနားပေးကြဖို့ လူကြီးတွေကိုသိအောင် စာရေးပေးစေချင်ပါတယ်၊အခုဆိုရင် ကျွန်တော်တို့ ရွာက ကလေးတွေကအစ ချဲထိုးတတ်နေပြီး ဘောလုံးပွဲလည်း လောင်းတတ်နေကြပါပြီ၊
ဒါကြောင့် ကူညီဖြစ်အောင် ကူညီပေးပါဦး၊
လေးစားလျှက်...×××××××(ငါးအိုးရွာ)၊မဘိမ်းမြို့နယ်၊ရှမ်းပြည်မြောက်ပိုင်းဒေသ၊

Share on Facebook

by herjulekatha
View 413 times
Posted Date December 11, 2013, 3:02 pm
Modified Date December 11, 2013, 3:02 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved