...ဟာဂျူလီ(ကသာ)



ဂုဏ်ယူဖွယ်ရာ ကသာ့သမီးပျို

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

ဂုဏ်ယူဖွယ်ရာ ကသာ့သမီးပျို
*********************
ပညာရေးဆိုင်ရာ စာတမ်း ဖတ်ကြားရန် မြန်မာနိုင်ငံမှ ရွေး ချယ်စေလွှတ်ခြင်းခံရသောဒေါက် တာ မေသူနိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နို ၀င်ဘာလ ၅ ရက်၊ ည ၇ နာရီ အချိန်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာ သွားကြောင်း သိရသည်။
ဂျပန်နိုင်ငံသို့ စာတမ်းဖတ် ကြားရန်ရွေးချယ်စေလွှတ်ခြင်းခံရ သူဒေါက်တာမေသူနိုင်fMA(Geo) Ph.D, H.G.P, Dip Eng (MUFL), LCCI (III) သည် ၂၀၁၃ ခုနှစ် ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များမှ ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမများစာတမ်းပြုစု ဖတ်ကြားရာတွင် ““သင်္ကြန်ခါမီ နှလုံးလှဌာနီနာဂကုန်းမြေသို့ လွမ်းရပါသည်”” အမည်ရှိစာတမ်း ကို ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရိကောလိပ်၊ ရွာသစ်ကြီး၊ စစ် ကိုင်းတိုင်းဒေသကြီးမှ လက် ထောက်ကထိကအနေဖြင့် တင် သွင်းဖတ်ကြားခဲ့သော စာတမ်း ဖြစ်ပြီး မြန်မာနိုင်ငံမှ အကောင်း ဆုံးစာတမ်းရှင်အဖြစ် ရွေးချယ်ခံ ရသူဖြစ်ကြောင်း သိရသည်။
စာတမ်းရှင်ဒေါက်တာမေသူ နိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့အမှတ်(၅) ရပ်ကွက် ဇေယျာချောင်ရွာမ အရှေ့လမ်း၊ မြသီတာဥယျာဉ်ခြံ ပိုင်ရှင် ဦးမင်းနိုင် (ဟိန်းမင်းနိုင်- ကသာ)နှင့် ဒေါ်ချစ်ချစ်မြိုင်တို့မှ ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလတွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက် အနက်အကြီးဆုံးသမီးဖြစ်ကြောင်း သိရသည်။
မြင့်ဟိန်းကျော်(ကသာမြေ)
by hotnews_

Share on Facebook

by herjulekatha
View 375 times
Posted Date December 15, 2013, 7:25 am
Modified Date December 15, 2013, 7:25 am


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved