...ဟာဂျူလီ(ကသာ)



"မိမိကိုယ်ကို အထင် မထွားကြစေချင်လို့ "..(ဟာဂျူလီ-ကသာ)

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

"မိမိကိုယ်ကို အထင် မထွားကြစေချင်လို့ "..(ဟာဂျူလီ-ကသာ)
*************************
မြန်မာနိုင်ငံရဲ့ ဆီးဂိမ်းကြီးကား ပြီးသွားခဲ့လေပြီ၊ ရွှေတံဆိပ်အလီလီ ရဖူးသူတို့ ရွှေတံဆိပ်အချီချီ ရခဲ့ကြသလို ရွှေတံဆိပ် မမျှော်မှန်းခဲ့သူတို့လည်း ရွှေတံဆိပ်ကို လှမ်းကိုင်နိုင်နေခဲ့ကြသည်ပေါ့၊
အချို့ကာလည်း ရွှေတံဆိပ်ရရှိပြီးပါက ဆက်လက်ကြိုးစားကြရဦးမည်ဟု တွေးတောကြိုးစားကြမှာဖြစ်သလို အချို့ကလည်း ငါကွဟူသည့် အတွေးမှား မျိုးတွေးတောကြမည်မှာ သေချာလှပါပေ၏၊
လူတွေဆိုတော့ ကိုယ့်ကိုကိုယ် အထင်ကြီးတတ်ကြသည်မှာ ဓမ္မတာ ဖြစ်နေသည် မဟုတ်ပါလော၊ထိုသို့ သွေးနထင်ရောက်နေချင်သူများ ဖတ်ရှု့လေ့လာနိုင်ဖို့ တာဝေးအပြေးသမား (ဦး)ရှင်ဘွေဂမ်း၏
အင်တာဗျူးလေးကို ဖေါ်ပြပေးလိုက်ပါသည်၊ဤဆောင်းပါးလေးကို ၃၀၊၈၊၂၀၀၀ခုနှစ်က နံနက်ခင်းသတင်းဂျာနယ်တွင် ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်၊ တာဝေးအပြေးသမား (ဦး)ရှင်ဘွေဂမ်း သေဆုံးသွားခဲ့သည်မှာလည်း
(၃)နှစ်ကျော်သွားခဲ့ပြီဖြစ်၍ ယခုအချိန်မှ ဂုဏ်ပြုချင်ပါသည်ဟူ၍ ငိုယိုနေသော်လည်း ပြန်ရနိုင်တော့မည်း မဟုတ်ပါ၊မြန်မာနိုင်ငံတွင် မည်သည်တာဝေးအပြေးသမားမှ မရဖူးခဲ့သော ကမ္ဘာ့တာဝေးအပြေးအဆင့်(၇)နေရာကို
ရရှိခဲ့သူဖြစ်သည့်အပြင် ကမ္ဘာ့အိုလံပစ်ကိုလည်း (၂)ကြိမ်တိုင်တိုင် သွားရောက်ယှဉ်ပြိုင်နိုင်ခဲ့သူဖြစ်ပါသည်၊ ရွှေတံဆိပ်ကို ကွပ်တောင်းများဖြင့် ထည့်ထားရလောက်အောင် အောင်မြင်ခဲ့သူဖြစ်သော်လည်း အပြောအဆို
အနေအထိုင်မှာ ပိယိချိုးနှိမ်တတ်ပါပေ၏၊သူလိုလူကား မြန်မာတွင် မဆိုထားနှင့် ကမ္ဘာတလွှားမှာပင် ရှားမှ ရှားပေလိမ့်မည်၊
=================================
ကမ္ဘာအိုလံပစ်ပြိုင်ပွဲဝင် တာဝေးအပြေးသမားဟောင်းကြီးတစ်ဦး၏ ခံစားချက်များ
***********************************************
ရွှေတံဆိပ် ၂၁၀ ကျော်ပိုင်ရှ င်အသက် ၇၁ နှစ်အရွယ် ဦး ရှင်ဗွေဂမ်နှင့် စကားပြောခြင်း
*****************
ပွင့်ပွင့်လင်းလင်းပြောရလျှင် ဒီနာမည်ကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ကျော်ကပင် ကျွန်တော် ရင်နှီးခဲ့ပြီးသားဖြစ်ပါသည် ။
ထိုအချိန်က ကျွန်တော် မူလတန်းကျောင်းသား ဘ၀ပဲရှိပါသည်။ ပြေးပွဲပြိုင်ပွဲများ၌ပထမဆုံးပန်းဝင်သူကို ဤနာမည်ဖြင့်
ဂုဏ်ပြု ခေါ်ဝေါ်ကြသည်။ ကလေးချင်းအပြေးပြိုင်ပွဲကြလျင်လည်း ဒီနာမည်ကို ကလေးများ မက်မက်မောမောဖြင့် မိမိကိုယ်
မိမိ ရွေးချယ်ကြသည်။
ရှင်ဗွေဂမ်. . . . . တဲ့။
ကသာမှာရှိသည့် ကျွန်တော်အိမ်ကို နာမည်ကြီး အားကစားသမားများလမ်ကြုံရောက်ရောက်လာတတ်သည်။
ဥပမာ ကိုအောင်သန်း (ခေါ် ) ကိုရဲဘော်(ရာစုနှစ် အတွင်းကျော်ကြားသူ ၁၀၀ ထဲ ပါသည်ဟု ဂျာနယ်တစ်ခုက
သတ်မှတ်ထားသည့် ပြေးခုန်ပစ်ချန်ပီယံဟောင်တစ်ဦးဖြစ်သည်)တစ်ရက်ကျွန်တော်နှင့်ကိုအောင်သန်း (ကိုရဲဘော်)
စကားပြောနေစဉ်(ဦး)ရှင်ဗွေဂမ်အကြောင်းရောက်သွားသည်။ ကျွန်တော်က (ဦး) ရှင်ဗွေဂမ်ကို အင်တာဗျူးလုပ်ချင်ကြောင်း
ပြောသည် ။ ကိုအောင်သန်းက ရယ်မောလျက်စီစဉ်ပေးပါမယ်ဟု ကတိပြုသည်။
ဒီ လိုနှင့် ကျွန်တော် ကသာမြို့ ၊ ပြည်သာယာရွာကလေးရှိ (ဦး) ရှင်ဗွေဂမ်အိမ် ရောက်သွားခဲ့သည်။(ဦး)ရှင်ဗွေဂမ်ကို
တွေ့တော့ ကျွန်တော်အတော်အံ့သြသွားသည်။ ဒီ ပုဂ္ဂိုလ်ကို ကျွန်တော်၏အိမ်ရှေ့မှဖြတ်သွားနေ ကြဖြစ်သည်။
ခပ်နွမ်းနွမ်း အ၀တ်အစားနှင့် မလိုက်ဖက်အောင် ကြည်ရွင်သော မျက်နှာ ၊အနေအထားအရ ကျွန်တော်အိမ်ရှေ့မှ
ဖြတ်သွားတိုင်း ဒီ လူကိုကျွန်တော် သတိထားမိသည်။ သို့သော် တစ်ချိန်က အရှေ့တောင်အာရှတွင်ပြိုင်ဖက်ကင်းခဲ့သော
တာဝေး၂၆မိုင် အပြေးချန်ပီယံကြီးဖြစ်မှန်း မသိခဲ့။ ဒီ လူကြီး( ဦး-ရှင်ဗွေဂမ် )သည်လွန်ခဲ့သော နှစ်ပေါင်များစွာက
မြန်မာနိုင်ငံအတွက်ကျွန်းဆွယ်ပြိုင်ပွဲများ ၌ ရွှေတံဆိပ် ၁၃ခု ၊ငွေ တံဆိပ် ၂ခု ရယူပေးခဲ့သော နိုင်ငံဂုဏ်ဆောင် အားကစား
သမားဖြစ်ခဲ့ပါသည်။(ဦး)ရှင်ဗွေဂမ် သည်အရှေ့တောင်အာရှ ပြိုင်ပွဲများတွင်သာမက ကမ္တွာ့အိုလံပစ်ပြိုင်ပွဲကြီးသို့ပင်
နှစ်ကြိမ်တိုင်တိုင် သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသော ချန်ပီယံဟောင်းကြီးတစ်ဦးဖြစ်သည်။ကျွန်တော်နှင့်(ဦး)ရှင်ဗွေဂမ်
တွေ့ဆုံစဉ်က မေးမြန်းခဲ့တာတွေကိုဖတ်ကြည့်လိုက်လျှင် တချိန်က ထူးချွန်ပြောင်မြောက်ခဲ့သော အားကစားသမားကြီး
တစ်ဦး၏ ကြိုးစားခဲ့မှု၊ရိုးသားခဲ့မှု၊နေထိုင်စားသောက်မှုတွေသာမကယခုလက်ရှိ ရပ်တည်မှုများကိုပါ တွေ့ရှိရမည်ဖြစ်သည်။

(အဘရဲ့အသက်နဲ့ စတင်ကစားခဲ့မှုလေးတွေ သိပါရစေခင်ဗျာ..။)
ကျွန်တော့်အသက်(၇၀)ကျော်ပါပြီ။ဇာတိကတော့ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့က ဖြစ်ပါတယ်။အသက်(၂၀)
လောက်ကတည်းက အခုထိ ကသာမှာနေခဲ့သူဖြစ်လို့ကသာသားလို့ပြောနိုင်ပါတယ်။မိဘအမည်က ဦးရှင်ဗွေလှ၊ဒေါ်အင်
လမ်းရွယ်ဖြစ်ပါတယ်။၁၉၅၀ခုနှစ်၊၁၇နှစ်သားမှာ စစ်ထဲစ၀င်ပါတယ်။ပခုက္ကူတပ်ရင်းမှာပါ။တပ်ထဲမှာနေရင်း ၁၃၅၃ခုနှစ်မှာ
လွတ်လပ်ရေးနေ့ပြိုင်ပွဲမှာ မီတာ (၁၀၀၀၀)စပြီးပြိုင်တယ်။ရွှေတံဆိပ်ရတယ်။မီတာ ၁၅၀၀ ပထမရတယ်။အဲဒီကနေ
တပ်ရင်းတရင်းလုံး ပြင်ဦးလွင်(မေမြို့)ကိုပြောင်းရတယ်။အဲဒီကနေ ကသာကို တပ်ရင်းလိုက်ပြောင်းလာရတယ်။ကသာမှာ
အခု ခမရ ၃၀၉ ပေါ့။ကသာရောက်မှ မြန်မာ့လက်ရွေးစင်ဖြစ်တာ။မြန်မာ့လက်ရွေးစင်ဆိုတာ အဲဒီအချိန်ကမြန်မာ့အိုလံပစ်မှာ
ချန်ပီယံဖြစ်တာ။၁၉၅၉ ခုနှစ်မှာ အာရှ ၂၅နိုင်ငံ အင်ဒိုနီးရှားမှာစပြီး ပြည်ပထွက်ပြိုင်ရတယ်။ပြီးတော့ ထိုင်းမှာပြိုင်ရတယ်။
ကျွန်းဆွယ်ပေါ့။တာဝေး၊မာရသွန်၊မီတာ(၁၀၀၀၀)သွားပြိုင်ရတယ်။မီတာ(၁၀၀၀၀)မှာ ရွှေတံဆိပ်ရတယ်။နောက်နှစ် ၃နှစ်
မှာ ၂၆မိုင်နှင့်မီတာ (၁၀၀၀၀)ပြိုင်ရတယ်။အဲဒါက မြန်မာနိုင်ငံမှာ ကျွန်းဆွယ်လုပ်တာပေါ့။ဒီမှာလည်း၂ခုစလုံး ရွှေတံဆိပ်ဆု
ရတယ်။အဲဒါပြီးတော့ မလေးရှားကျွန်းဆွယ်မှာသွားပြိုင်ရတယ်။ရွှေ၂ခုထပ်ရတယ်။အဲဒီနောက် ကျွန်းဆွယ်ပြိုင်ပွဲတိုင်း သွား
ပြိုင်ရတယ်။ပြိုင်တိုင်း ရွှေတံဆိပ်တစ်ခု၊နှစ်ခု အမြဲတမ်းရတယ်။၁၉၆၄ခုနှစ်ကျတော့ ကမ္တွာ့အိုလံပစ် စံချိန်ဝင်လို့ ဂျပန်နိုင်ငံမှာ
ကမ္တွာ့အိုလံပစ် သွားပြိုင်ရတယ်။
ကမ္တွာ့အိုလံပစ် က ၄နှစ်တကြိမ်ဆိုတော့ ၁၈၆၈ခုနှစ်မှာ မက္ကဆီကို ကမ္တွာ့အိုလံပစ် သွားပြိုင်ရပြန်တယ်။အဲဒီပြိုင်ပွဲမှာ
ကမ္တွာ့အဆင့်(၁၁)ရခဲ့ပါတယ်။နိုင်ငံပေါင်း ၁၀၀ကျော်က ပြိုင်ပွဲဝင်ပေါင်း၁၈၀/၂၀၀လောက်ရှိပါတယ်။အဲဒီထဲက အဆင့်
(၁၁)နဲ့ပန်းဝင်လာပါတယ်။ကျွန်တော့စံချိန်က အဲဒီမှာ၂း၂၅ပါ။
ကျွန်တော့်ဘ၀မှာ မက္ကဆီကိုပြိုင်ပွဲကို ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး။အမှန်ကတော့ကျွန်တော်ဒုတိယရနိုင်ပါတယ်။
ဘာဖြစ်လို့မရတာလည်းဆိုတာ ရှင်းပြမယ်၊ကျွန်တော်တို့မာရသွန်ပြိုင်ပွဲမစခင်မှာ အားကစားဂျာနယ်တွေမှာ ကမ္တွာ့အိုလံပစ်
ပြိုင်ပွဲဝင်တွေအအားလုံးရဲ့စံချိန်ကို ထည့်သွင်းဖော်ပြပေးပါတယ်။အဲဒီစံချိန်တွေထဲမှာ ကျွန်တော့်ရဲ့ ၂း၂၅မိနစ်ဟာ အနိမ့်ဆုံး
ပါပဲ။ဒီပြိုင် ပြိုင်ပွဲဝင်တွေက ၂း၁၅တို့ ၊ ၂း၁၇တို့ ၊ ၂း၁၉ တို့ဖြစ်နေတော့ ကျွန်တော်စိတ်ဓါတ်ကျသွားပါတယ်။အုပ်ချုပ်သူကလည်း
ကျွန်တော့ကိုပြောပါတယ်။ပန်းဝင်အောင်သာလုပ်ပါကွာတဲ့။
တကယ်ပြိုင်ပွဲမှာ ပထမရသွားတဲ့သူဟာ ၂း၂၅။ကျွန်တော်ကအဲဒီမှာ ၂း၃၀နဲ့ ပန်းဝင်တယ်။ကျွန်တော်သာ စိတ်ဓါတ်မကျပဲ
ပထမအသုတ်နဲ့လိုက်ပြေးသွားခဲ့ရင် ပထမမရတောင် ဒုတိယ၊တတိယသေချာပေါက်ရနိုင်ပါတယ်။ကံပေါ့ဗျာ။


(၁၉၆၈-ကမ္တွာ့အိုလံပစ် မှာ မာရသွန်ရွှေတံဆိပ်ရသွားတာ ဘယ်သူလဲ။ဘယ်နိုင်ငံကလဲ။)
အီသီယိုးပီးယားနိုင်ငံက အပီလီကေးလားဆိုသူပါ။သူ့ဘ၀ကလည်းစိတ်ဝင်စားစရာကောင်းတယ်။သူ့ရဲ့ မူလ
အလုပ်အကိုင်က ရဲပါ။ပြစ်မှုတစ်ခုနဲ့ ရဲပြုတ်ပြီးထောင်ကျသွားတယ်။ထောင်ထဲမှာအားကစားလုပ်ရာကနေ ထူးချွန်လို့ အိုလံ
ပစ်ကို လာပြိင်ရတယ်။အိုလံပစ်မှာ ရွှေတံဆိပ်ရတော့ ဘုရင်ကိုယ်တိုင်က ခြသေ့င်္ကြီးနဲ့လာကြိုပါတယ်။သူ့နိုင်ငံပြန်ရောက်တော့
ပြစ်ဒဏ်ကနေလွှတ်ပေးပြီး ရဲအရာရှိအဖြစ် ခန့်အပ်ခံရပါတယ်။အခုတော့ သူလည်းဆုံးသွားပါပြီ။

(ဒီလို တာဝေးအပြေးသမားဘ၀နဲ့နိုင်ငံဘယ်နှနိုင်ငံလောက်ရောက်ခဲ့ဖူးပါသလဲ။)
အာ....အဲဒါတော့မပြောနဲ့။နိုင်ငံပေါင်း မရေမတွက်နိုင်တော့ဘူး။အာရှတိုက်တစ်ခုလုံးမရောက်ဖူးတဲ့ နိုင်ငံ
မရှိသလောက်ပါပဲ။အဲဒါအပြင် ကရာချဂျာမဏီ(ဖရန့်ဖွတ်)၊အင်္ဂလန်(နယူးယောက်)၊ရောမ၊ဟာဝိုင်ယီ၊အီတလီ၊ဟိုလေ...
ဘယ်လိုပြောရမလဲ ကမ္တွာတပတ်ပေါ့။မြို့ကြီးအစုံပဲ။ဆန်ဖရန်စစ္စကို၊ကာလီဖိုးနီးယား၊၀ါရှင်တန်ဒီစီ၊ဟိုနိုလူလူကျွန်း အဲဒီလို
နာမည်ကြီး ပြည်နယ်တွေမြို့တွေ အများကြီးပဲ မမှတ်မိတော့ပါဘူး။

(ဘယ်နေရာမှာ အပျော်ဆုံးလဲ။)
(သူ၏ဇနီးဖြစ်သူ မျက်စောင်းထိုးကြည့်လျက်)ပြောလို့ မကောင်းပါဘူးလေ။

(ဘာလဲ ဟိုနိုလူလူလား။)
ဟုတ်တယ်။သိပ်လွတ်လပ်ကြတယ်၊အဟင်းဟင်း။
(ပြည်တွင်းပြည်ပ ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်ဘယ်နှခုလောက် ရဖူးသလဲ။)
အား...မရေနိုင်ဘူးလေး။ရွှေတံဆိပ် ၂၀၀ကျော်တာပေါ့။၃၀၀၊၄၀၀လောက်ရှိမယ်။တောင်းတဲ့သူတွေကိုလည်း
ပေးတာပဲ။ကလေးတွေ ဒိုးပစ်ချင်လည်း ပေးတာပဲ။ဆော့လိုက်တာလည်း မနည်းဘူး။အခုတောင် ၁၀၀ကျော်လောက်
ကျန်သေးတယ်။

(ဒါနဲ့အဘရဲ့ ပြိုင်ပွဲတစ်လျှောက်မှာ တန်ဖိုးအမြင့်ဆုံး ဘာဆုတံဆိပ်ရဖူးပါသလဲ။)
ဆရာရယ် ၊ ကျွန်တော်တို့ခေတ်က အခုလိုထိုက်ထိုက်တန်တန်ဂုဏ်ပြုတဲ့ခေတ်မှ မဟုတ်တာ။တန်ဖိုး
အမြင့်ဆုံးဆိုလို့ ဟောဟိုက လူတစ်ဖက်စာလောက်ရှိတဲ့ တံခွန်စိုက်ငွေဖလားကြီးပဲ ရဖူးပါတယ်။ငွေကြေးတန်ဖိုးအနေနဲ့
ကတော့ မပြောပါနဲ့တော့ဗျာ။နိုင်ငံခြားသွားပြိုင်ရမယ် ဟေ့ဆိုရင် ကျွန်တော် ရန်ကုန်ကနေ ကသာကိုလှမ်းပြီး ပိုက်ဆံမှာ
ရတယ်။တခါနိုင်ငံခြားထွက်ရင် ငွေ ၂၀၀လောက်လှမ်းပြီး ပို့ခိုင်းရတယ်။ကျွန်တော်နိုင်ငံခြားကို အခေါက်ပေါင်းမရေမတွက်
သွားခဲ့ဖူးပေမယ့် အပ်တစ်ချောင်းတောင် မ၀ယ်ခဲ့ဖူးပါဘူး။ပိုက်ဆံမရှိဘူးလေ ဆရာရဲ့။တပ်မတော်လစာ ၈၂ကျပ်ရတယ်။
မိန်းမက ကသာမှာ ၄၁ကျပ်သုံးတယ်။ကျွန်တော်ရှိတဲ့ ရန်ကုန်ကို၄၁ကျပ်ပို့ပေးတယ်။ခွဲသုံးရတာပေါ့။

(သြော်...အဘက တပ်မတော်မှအမှုထမ်းတဲ့အားကစားသမားဆိုတော့ စိတ်တော့မဆိုးပါနဲ့ခင်ဗျာ။စစ်ကော တိုက်ဖူးပါသလား။)
အာ...။တိုက်ပွဲပေါင်း ရာချီပြီးတိုက်ဖူးတယ်။နိုင်ငံခြားက ရွှေတံဆိပ်ယူပြီး အောင်ဆန်းကွင်းမှာ ၇ရက်လောက်ပဲ
နေရသေးတယ်။မိခင်တပ်ရင်းက ကြေးနန်းရိုက်ခေါ်ပြီး ရှေ့တန်းကိုလွှတ်တယ်။အဲဒီအချိန်က တပ်မှာလည်း လူအင်အားနည်း
တာကိုး။တိုက်ပွဲဆိုလို့ ထူးထူးခြားခြား ၁၉၇၇ခုနှစ်၊နိုင်ဝင်ဘာလ တလတည်းနဲ့ တိုက်ပွဲ ၇၄ကြိမ်တိုက်ခဲ့ရတယ်။ကျွန်တော့
ဘ၀မှာ အဲဒီလဟာတိုက်ပွဲအမျာုးဆုံးတိုက်ခဲ့ရတဲ့လပဲ။ကျွန်တော့်ဘ၀မှာ တပ်ထဲမှာနေစဉ်က ထူးခြားတာတွေ သူများနဲ့ မတူ
တာတွေရှိတယ်။ကွာတား တခါမှ မကျဖူးဘူး။ဒဏ်ရာတစ်ခါမှ မရဖူးဘူး။ကျွန်တော်တပ်စုမှူးလုပ်ရတဲ့တပ်စု ဘယ်တော့မှ
မကျဆုံးဖူးဘူး။
(ဒါနဲ့ အဘက ဘယ်အဆင့် ဘယ်အချိန်မှာ ပင်စင်ယူခဲ့ပါသလဲ။)
၁၉၈၀ ခုနှစ်မှာ ဒုအရာခံဗိုလ်နဲ့ပင်စင်ယူခဲ့ပါတယ်။

(အခုလက်ရှိအခြေအနေပြောပြပေးပါဦး။)
အရင်က ပင်စင်လစာ ၃၉၀ကျပ်ရပါတယ်။အခုတော့ ၇၀၀ရတယ်။စစ်မှုတမ်းဟောင်းထောက်ပံ့ကြေး
၃၀၀၀ရပါတယ်။

(တခြား ဘယ်လိုပံ့ပိုးမှုတွေ ရပါသလဲ။)
ကျွန်တော်တို့ကသာဟာ စစ်ကိုင်းတိုင်းထဲပါပါတယ်။ဒါပေမယ့်အများစုက ကျွန်တော့်ကို ကွယ်လွန်သွား
ပြီလို့ ထင်နေကြတယ်။ကချင်ပြည်နယ်နေ့နဲ့ ကျောင်းသားအားကစားပွဲတော်(မြစ်ကြီးနား)တုန်းက တိုင်းမှူးကြီးက ကျွန်တော့
ကိုဖိတ်ပြီး ၀ိုင်းဝန်းဆောင်ရွက်စေပါတယ်။ပထမတခါ ငွေ၁၀၀၀၀နဲ့ စက်ဘီးတစ်စီးပေးပါတယ်။ဒုတိယကတော့ ငွေ ၂၀၀၀၀
ချီးမြှင့်ပါတယ်။
(အခု နေထိုင်ရေးကော အဆင်ပြေရဲ့လား။)
စားဖို့ကတော့ စပါးတွေရှိလို့ မပူရပါဘူး။ကျွန်တော့မြေးနှစ်ယောက် ကျောင်းထားဖို့နဲ့ သားတစ်ယောက်
ပညာရေးအတွက်တော့ နည်းနည်းကသီတာပေါ့။ကျွန်တော်အခုနေတဲ့အိမ်ဟာ ပင်စင်စုဆောင်းငွေနဲ့ရှိစုမဲ့စု ထရံကာ
အိမ်လေးဆောက်ထားတာပါ။ဒီနှစ်ရေကြီးတော့ ကျွန်တော့်ရဲ့အောက်အိမ်က ရေထဲပါသွားပါပြီ။နောက်နှစ် ရေကြီးရင်တော့
ကျွန်တော့်အိမ်ကလေးပါဖို့သေချာနေပါပြီ။မြေပိုင်ကလည်းမရှိတော့ ကျွန်တော့်ဆုတံဆိပ်တွေနဲ့ စာရွက်စာတမ်းတွေ
ဘုရားရှိခိုးကျောင်းမှာပို့ထားရပါတယ်။

(အဘအနေနဲ့ သက်ကြီးမာရသွန်ပြိုင်ပွဲတွေကို ဘာဖြစ်လို့ ၀င်မပြိုင်တာလဲ။)
ဒါလည်း ကျွန်တော်ပြောချင်ပါသေးတယ်။ရန်ကုန်မှာ ပထမသက်ကြီးမာရသွန်ပြိုင်ပွဲလုပ်တာ သိပါတယ်။
ကားတို့ဘာတို့ပေးမယ်ဆိုတော့ ပြိုင်ချင်လိုက်တာအရမ်းပဲဗျာ။ဒါပေမယ့် ရန်ကုန်သွားဖို့က စရိတ်မရှိလို့ သွားမပြိုင်လိုက်ရဘူး။
အဲနောက်နှစ်သွားပြိုင်မယ်ဆိုပြီး ငွေရှာပြီးရန်ကုန်သွားခဲ့ပါတယ်။ရန်ကုန်မှာ ကန်တော်ကြီးပတ်ပေးပြီးလေ့ကျင့်နေတော့
အရင်ကအပြေးပြိုင်ပွဲဝင်ဖက် လူဟောင်းကြီးတွေနဲ့ဆုံရပါတယ်။သူတို့က ဘာပြောလဲဆိုတော့ ရှင်ဗွေဂမ် ခင်ဗျားပြိုင်ရင်
ကျုပ်တို့တော့ရှုံးဖို့သေချာနေပြီ....တဲ။နောက်နေ့တွေကစပြီး အဲဒီအဘိုးကြီးတွေ မလေ့ကျင့်တော့ဘူးဗျ။ဒါပေမယ့် ကျွန်
တော့်ကံကလည်း ဆိုးတယ်။အဲဒီနှစ်မှာ မာရသွန်ပြိုင်ပွဲမလုပ်ဖြစ်တော့ ကသာပြန်လာရတယ်။နောက်နှစ်လည်း ဒီလိုပဲ
ပြိုင်ပွဲမဖြစ်လို့ပြန်ခေါက်ခဲ့ရတယ်။ဒီတော့ တော်ပါပြီကွာဆိုပြီး စိတ်လျှော့ထားလိုက်တယ်။စိတ်လျှော့ထားတယ်ဆိုပေမယ့်
စနေ၊တနင်္ဂနွေနေ့တိုင်းတော့ ၆-မိုင်လောက်ပြေးနေရပါသေးတယ်။

(အဘရေ...စကားပြောရတာတော့ ဗဟုသုတရပါတယ်။အခုနောက်ဆုံး အဘရဲ့ဆန္ဒလေးကို
သိချင်ပါသေးတယ်။)
ကျွန်တော့်ဆန္ဒကတော့ မာရသွန်ပြိုင်ပွဲကိုနိုင်ငံတကာမှာ လိုက်ပြိုင်ချင်တယ်။ရှိရင်ပြောတာပါ။ဒီခေတ်ဟာ
အားကစားသမားတွေအတွက် အင်မတန်ကစားသင့်တဲ့ခေတ်ပါ။ဆုကြေးတွေ နင့်အောင်ရကြတာ ဖတ်ရသိရပါတယ်။
နိုင်ငံတော်ကလည်း တအားကိုပံ့ပိုးပေးနေတာ တွေ့မြင်နေရတာပါ့။ဒါကြောင့် ကျွန်တော်ကလည်း အသက်ကြီးပေမယ့်
မပျက်စီးသေးတာကို ပြချင်ပါသေးတယ်ဗျာ။
ဟာဂျူလီ(ကသာ)

Share on Facebook

by herjulekatha
View 391 times
Posted Date December 24, 2013, 11:15 am
Modified Date December 24, 2013, 11:15 am


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved