...ဟာဂျူလီ(ကသာ)



KIA အကြီးအကဲများ သိရှိနိုင်ရန် လူထုအသံ( ဆယ်ဇင်းမှ ပေးစာ)

KIA အကြီးအကဲများ သိရှိနိုင်ရန် လူထုအသံ( ဆယ်ဇင်းမှ ပေးစာ)
********************
လေးစားအပ်ပါသော ပြည်သူ့ မဏ္ဍိုင် ဦးဟာဂျူလီ ခင်ဗျာ။
ကျနော်တို့ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာက သတင်းကို ပေးပို့အပ်ပါတယ်။ ကျနော်က +++မြို့ ရပ်ကွက် (၆)ကပါ။ အခု ဆယ်ဇင်းမှာ အမျိုးသမီးနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။
မနေ့က 25ရက် ဒီဇင်ဘာ ကပေါ့ဗျော KIA ကရွာထဲက ဆိုင်တွေကို တစ်ဆိုင် 150000 လိုက်ကောက်နေပါတယ်။ အရင်ကဒါမျိုးမရှိဖူးပါဘူး။ KIA ကိုဆပ်ကြေးပေးရတာဆိုလို့ ရွှေဆိုင်တွေ လောင်းကစားဒိုင်တွေနဲ့ ဘိန်းခန်းပိုင်ရှင်တွေ ကြက်ခန်းတွေပဲပေးရတာပါ။
သူတို့ကနစ်နေအောင်ရလို့ပေးနိုင်တာပေါ့ဗျာ။ အခု ကျနော်တို့လို သာမန်ဆိုင်လေးတွေတောင် 150000 ကောက်တာဆိုတော့ အရမ်းများပါတယ်ခင်ဗျာ။ ခေတ်မကောင်းလို့ ဈေးရောင်းမကောင်းတဲ့အထဲ ဒီငွေကြေးက ကျနော်တို့ ပြည်သူတွေကို ၀န်ထုပ်
ဝန်ပိုးဖြစ်စေပါတယ်။ ဆပ်ကြေးလိုက်ကောက်တာကိုလဲ ဆယ်ဇင်းရဲစခန်းကသိပါတယ်။ မသိချင်ယောင်ဆောင်နေပါတယ်။ ဖုန်း0947011072၊ 0947026116၊ 0947098537ဖြစ်ပါတယ်။ ဖုန်းဆက်မေးမြန်းကြည့်ပါ။ တပ်မတော်စခန်းလဲရှိပါတယ်။ ဆပ်ကြေးလိုက်
ကောက်နေတဲ့သူတွေကလဲ ရပ်ရွာဂေါပကအဖွဲ့ဝင်လူကြီးတွေပါ။ ဦးမျိုးခေါင်းဆောင်ပီးလိုက်ကောက်နေပါတယ်။ ကျတော်တို့ပြည်သူတွေကို ကားလမ်းမှာလဲ ဆပ်ကြေးကောက် ရပ်ရွာထဲမှာလဲ ဆပ်ကြေးကောက်နဲ့ အရမ်းဒုက္ခရောက်နေကြလို့ သက်ဆိုင်သူများသိရှိ
အောင် တင်ပြပေးဖို့ ဒီသတင်းကိုပေးပို့လိုက်ပါတယ်။(ရောင်နီဦး)

Share on Facebook

by herjulekatha
View 405 times
Posted Date December 26, 2013, 5:46 pm
Modified Date December 26, 2013, 5:46 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved