...ဟာဂျူလီ(ကသာ)



ကျွန်တော်နဲ့ စာဖတ်ဝါသနာ..(ဟာဂျူလီ-ကသာ)

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

ကျွန်တော်နဲ့ စာဖတ်ဝါသနာ..(ဟာဂျူလီ-ကသာ)
******************************
ကျွန်တော်ပြောလေ့ရှိတဲ့ စကားတစ်ခုရှိပါတယ်၊ ထောင်ကျမှာကို မကြောက်ဘူး..ထောင်ထဲမှာ စာမဖတ်ရမှာကိုတော့ ကြောက်တယ် လို့။
အချို့က ဒီစကားကို ပိုပြောတယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်၊တကယ်တော့ ဒီစကားဟာ ကျွန်တော်အတွက် အမှန်တရားပါ၊
စာထဲ စိတ်ဝင်စားမိလို့ မိုးလင်းသွားတဲ့နေ့တွေ..၊နေ့လည်စာနဲ့ ညစာ ပေါင်းစားရတဲ့နေ့တွေ များလှပါပြီ၊ စာဖတ်နေရရင် လောကကြီးကိုမေ့နေတတ်တဲ့ ကျွန်တော်..၊တစ်ခါက နေမကောင်းဖြစ်လို့
လေဒီရွှေဂျူက သျှားခြစ်ပေးပါတယ်၊" နာမယ်နော် "လို့လည်း သတိပေးပါတယ်၊ ကျွန်တော်က "ဒါဆိုနေဦး.." ဆိုပြီး စာအုပ် တစ်အုပ်ကောက်ဖတ်နေလိုက်ပါတယ်၊ ပြီးပြီဆိုတဲ့ လေဒီရွှေဂျူအသံကြားတော့မှ
စာအုပ်ထဲက အာရုံကိုဖယ်ပြီး ကိုယ့်ကြောပြင်ကို မှန်ထဲကြည့်လိုက်တော့ ကြောတစ်ပြင်လုံး ရဲလို့ တွတ်လို့..၊ လေဒီရွှေဂျူက "ဆရာဂျူ..မနာဘူးလား"တဲ၊
့ "သိတောင် မသိလိုက်ဘူး" ဆိုတော့
လေဒီရွှေဂျူက ပြောပါတယ်..
"အံ့ရော..အံ့ရော " တဲ့။
(ဟာဂျူလီ-ကသာ)

Share on Facebook

by herjulekatha
View 345 times
Posted Date January 5, 2014, 2:14 pm
Modified Date January 5, 2014, 2:14 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved