...ဟာဂျူလီ(ကသာ)



*** ထမင်းကြမ်းကို ထပ်ခါထပ်ခါ နွှေးမစားစေလို ***

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

*** ထမင်းကြမ်းကို ထပ်ခါထပ်ခါ နွှေးမစားစေလို ***

မရှိမဖြစ်…ဆန်။
ဆန်ဟာ ကမ္ဘာတစ်ဝန်းမှာ လူသားတွေစားသုံးမှုအများဆုံး ကောက်နှံတစ်မျိုးဖြစ်ပါ တယ်။ ၁၀၀-ဂရမ် ရှိတဲ့ဆန် ထဲမှာ၊ ခန္ဓာကိုယ် အတွက် ကာဗိုဟိုက်ဒရိတ်(ခေါ်)ခွန် အားဖြစ်စေတဲ့ဓာတ် ၈၀ ဂရမ်၊ ခန္ဓာကိုယ် ကြီးထွားဖွ့ံဖြိုးစေတဲ့ ခွန်အား ၈ ရာခိုင်နှုန်း တို့  အပြင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီတူး၊ နီအာစင် စတဲ့ ဗီတာမင်များနဲ့ အတူ သတ္တုဓာတ် အာဟာရအချို့ လည်းပါရှိနေပါတယ်။
ဒါကြောင့်လည်း ရှေးမြန်မာလူကြီးများက “ထမင်းအသက် (၇) ရက်” ရယ်လို့ မိန့် ဆို ခဲ့ ကြပါတယ်။

အာဟာရဖြစ်တဲ့ ဆန်...ဆိုတာ။
ဆန်ကိုကြိတ်ခွဲတဲ့အချိန် ကြာလာတာနဲ့ အမျှ ဆန်ထဲမှာပါတဲ့ ဗီတာမင်ဘီဝမ်း ပမာ ဏတွေ ဆုံးရှုံးသွားစေပါတယ်။ ဒါကြောင့် ဆန်ကို ဖြူဖွေးသွားတဲ့အဆင့်ထိရောက်မ သွားအောင် လျော့ကြိတ်ခြင်း၊ လုံးတီးဆန်၊ လျှော့ကြိတ်ဆန်တို့ ကို စားသုံးခြင်ြး ဖင့် နေ့ စဉ်စားနေကျဖြစ်တဲ့ ဆန်ထဲမှ ဗီတာမင်ဘီဝမ်းအတော်များများ ကို ရရှိနိုင် ပါလိမ့်မယ်။ ပေါင်းဆန်ထဲမှာပါတဲ့ ဗီတာမင်ဘီဝမ်း ပမာဏဟာ ရိုးရိုးဆန်မှာပါတဲ့
ဗီတာမင်ဘီဝမ်း ပမာဏထက် ၂-ဆ မှ ၅-ဆအထိ ပိုများ ပါတယ်။ အကြောင်းရင်း ကတော့ပေါင်းဆန်ဖြစ်အောင်ကြိတ်ခွဲရာမှာ စပါးကိုမကြိတ်ခွဲမှီ ရေနွေးနဲ့ စိမ်ခြင်း (သို့ မဟုတ်)ရေနွေး ငွေ့ ပေးခြင်း ပြုလုပ်ရပါတယ်။ ဗီတာမင်ဘီဝမ်း ဟာ ရေ မှာပျော်ဝင်နိုင်တာကြောင့် အဲဒီလိုပြုလုပ်ခြင်းဖြင့် ဆန်ရဲ့ အပေါ်ယံလွှာ ပေါ်ရှိ ဘီဝမ်း ဓာတ်တွေဟာ ရေနွေး(သို့ မဟုတ်)ရေနွေးငွေ တွေ့နဲ့ အတူ ဆန်စေ့ရဲ့ အ တွင်းပိုင်း ထဲကို စိမ့်ဝင်သွားပါတယ်။ ၄င်း နောက် စပါးကိုအခြောက်လှန်းပြီး ကြိတ်ခွဲလိုက်တဲ့ အခါ စောစောက ဆန့် စေ့ထဲမှာဝင်ရောက်နေတဲ့ ဗီတာမင်ဘီဝမ်းတွေဟာ ဖွဲနဲ့ အတူ ပါမသွားတော့ဘဲ ဆန်ထဲမှာသာ စွဲကျန်ရစ်စေပါတယ်။

ကျမ္မာရေးအတွက် ပေါင်းဆန်။
၁၈၉၆ ခုနှစ်က စင်္ကာပူနိုင်ငံရှိ စိတ်ရောဂါဝေဒနာရှင်တွေကို ထိန်းသိမ်းစောင့်ေ ရှာက်ပေး တဲ့ ဂေဟာတစ်ခုမှာ ဗီတာမင်ဘီဝမ်း ချို့ တဲ့မှုကြောင့် သေဆုံးသူဦးရေ (၄၀) ရှိခဲ့ပြီး၊ ၁၈၉၈ မှာ (၅၀)ဦးရှိခဲ့ပါတယ်။ အဲဒီဝေဒနာရှင်တွေအတွက် အထူးဆေးရုံတစ်ရုံ
ဖွင့်လှစ်ကုသပေးခဲ့ရာ ၁၈၉၉ ခုနှစ်အတွင်း ဆေးရုံတက်သူ (၄၅၃) ယောက် အနက်
(၃၀၄) ယောက် သေဆုံးခဲ့ပါတယ်။ ၁၉၀၄ ခုနှစ်မှစပြီး နေ့ စဉ် ပေါင်းဆန်ကိုသာ
ကျွေးတဲ့အခါမှာတော့ ဆေးရုံတက်သူဦးရေရော၊ သေဆုံသူဦးရေပါ သိသိသာသာလျော့
နည်းသွားပြီး၊ ၁၉၂၄ ခုနှစ် တစ်နှစ်ပတ်လုံးမှာ ဆေးရုံတက်သူဦးေ၇ (၅၀)သာရှိတော့ တဲ့အတွက် ၁၉၂၅ ခုနှစ်အရောက်မှာတော့ ထိုဆေးရုံကို (လုံးဝ)ပိတ်လိုက်ရတယ် လို့  မှတ်တမ်းများအရ လေ့လာသိရှိခဲ့ရပါတယ်။

အာဟာရဖြစ်အောင် စားတတ်ဖို့ ။
မိခင်နို့ ရည် ဖြတ်ပြီးချိန်မှစ၍ သေဆုံးသည့်တိုင်အောင် ဆန်ကို အဓိကအစားအစာ အဖြစ်စားသုံးနေကြရသူတွေအဖို့ ၊ နေ့ စဉ် စားနေတဲ့ထမင်းကို အာဟာရှိရှိစား တတ် ဖို့ လိုပါတယ်။ အထူးသဖြင့် ကလေးသူငယ်များနဲ့  သက်င်္ကြီးရွယ်အိုများအတွက် ထမင်း ကရတဲ့ အာဟာရဓာတ်တွေ မပြုန်းတီးအောင် စားသုံးသင့်တဲ့နည်းကတော့-
• ပေါင်းဆန် ကိုသာစားပါ။
• ဗီတာမင်ဘီဝမ်း ဟာ ရေမှာပျော်ဝင်နိုင်တာကြောင့် ဆန်ကို အထပ်ထပ်ပွတ် တိုက်ဆေးခြင်းမျိုးမလုပ်ဘဲ၊ ဦးစွာ ဆန်ထဲ မှာပါတဲ့ ဖုန်၊ သဲ တို့ ကိုပြာထုတ်၍ ခဲ(ဂဲ) တို့ ကိုလက်နဲ့ ကောက်ယူပြီး အများဆုံး ၂-ကြိမ်ခန့် သာ ရေဖြင့် အသာအ ယာ ဆေးကြောပေးရပါမယ်။
• ဆန်ကနေ ထမင်းဖြစ်လာအောင်ချက်တဲ့အခါ၊ ဆန်ထဲက ကာဗိုဟိုက်ဒရိတ် နဲ
့ပရိုတင်းအာဟာရတွေ လျော့မသွားပေ မယ့်၊ ဗီတာမင်အချို့ လျော့သွားပါတယ်။
ဒါ့ပြင် ထမင်းရည်ဌဲ့ ထုတ်ခြင်းက ဗီတာမင်ဘီဝမ်းများ ထပ်မံဆုံးရှုံးရပြန်တာကြောင့် ထမင်းရေခန်းသာ ချက်စားသင့်ပါတယ်။

ထမင်းကြမ်းခဲတွေကို ထပ်ခါထပ်ခါ နွှေးမစားစေလို။
“ဥစ္စာဖြို၊ စားဖိုဆောင်က” ဆိုတဲ့စကားအတိုင်း အလေအလွင့်မရှိအောင် စီမံခန့် ခွဲ တတ်ခြင်းက အိမ်ရှင်မတစ်ဦးရဲ့  စွမ်းရည် တစ်ရပ်ပါ။ ဥပမာ နံက်စားမကုန်တဲ့ ထမင်းကို စွန့် မပစ်ဘဲ ညစာစားခါနီးမှာ အပူပေးပြန်နွှေးပြီး စားခြင်း၊ ညစာ ပိုနေ တဲ့ထမင်းကို ရေခဲသေတ္တာထဲထဲ့သိမ်း၍ နောက်တနေ့ နံက်ရောက်တဲ့အခါထမင်းကြမ်း ခဲကို ထမင်းကြော်စားခြင်း(သို့ မဟုတ်)ပူအောင်ပြန် နွှေး၍ နံက် စားလေ့ ရှိပါတယ်။ ဒါဟာ “စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်း” ဆိုသလို ကောင်းတဲ့ ဓလေ့ပါဘဲ။ သို့ သော် ကျမ္မာရေး ရှုထောင့်ကကြည့်တဲ့အခါ-
• ချက်ပြုတ်ပြီး ထမင်းတွေကို ပုံမှန်အခန်းအပူချိန်ထဲမှာသာ ထားသင့်ပါတယ်။
ထမင်းကြမ်းခဲတွေကို ၁-ကြိမ်လောက် ပြန်နွှေးစားခြင်းက ပြဿနာမရှိသော်လဲ၊ မကုန် နိုင်၍ ၁-ကြိမ်ထက်ပိုပြီး အပူပြန်နွှေးတဲ့အခါ ထမင်းထဲရှိ အာဟာရဓာတ် အားလုံး ဆုံးရှုံးသွားပါပြီ။ (ဒီနည်းက အာဟာရအဖြစ်စားခြင်းမဟုတ်ဘဲ၊ သမရိုးကျအူမတောင့် ဖို့ အတွက်သာစားတဲ့ နည်းပါ)
• အကယ်၍ နေ့ လွဲညစာ စားမကုန်တော့တဲ့ ထမင်းကြမ်းခဲတွေကို ရေခဲသေတ္တာ ထဲထဲ့သိမ်းပြီး၊ ထပ်ခါထပ်ခါ ပြန်နွှေး စားခြင်းက အာဟာရမဖြစ်စေရုံသာမက၊ အခန့် မသင့်ရင် အစာချေဖျက်မှုအားနည်းတဲ့ ကလေးသူငယ်များ နဲ့  သက်ကြီးရွယ် အိုတွေအတွက် အစာအဆိပ်သင့်စေနိုင်ပါတယ်။
• ထို့ နည်းတူပါဘဲ။ စားသောက်ဆိုင်(သို့ မဟုတ်)ထမင်းဆိုင်မှာ သွားစား တဲ့အခါ၊ ပိုနေတဲ့ ထမင်းကြော်/ထမင်းဖြူတွေကို ပါဆယ်ပြန်ထုပ်လာပြီး အိမ်မှာပြန်နွှေး စားခြင်း မျိုး မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီထမင်းတွေက လတ် လတ်ဆတ် ဆတ် ချက်ပြုတ်ပြီးစလား/ဆိုင်မှာ ဘယ်နကြိမ်လောက်ပြန်နွှေးထားပြီးပြီလဲ ဆိုတာကို မသိနိုင်ဘူးလေ။

ဒါကြောင့် အလေအလွင့်မရှိစေဘဲ၊ တမိသားစုလုံး ကျမ္မာပျော်ရွှင်စေဖို့ အတွက် ကိုယ့် အိုး နဲ့ ကိုယ့်ဆန်ညီမျှအောင် ချက်ပြီး၊ အတတ်နိုင်ဆုံး ထမင်းကြမ်းခဲတွေ မကျန်အောင် စီမံခန့် ခွဲသင့်ပါကြောင်း။
17-01-2014 နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ်သတင်းစာ (စာမျက်နှာ ၂၁) မှာပါ တဲ့ဆောင်းပါးလေး ပါ။ FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့ အတွက် စေတနာ များစွာဖြင့်.မျှဝေလိုက် ရပါ တယ်ရှင်။ (ဆောင်းပါးရှင်....ပေါက်ပေါက်)

Share on Facebook

by herjulekatha
View 377 times
Posted Date January 18, 2014, 12:27 am
Modified Date January 18, 2014, 12:27 am


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved