...ဟာဂျူလီ(ကသာ)



ကြော်ငြာနေတာ မဟုတ်ပါ ၊အခက်အခဲတွေ ပြေလှယ်စေချင်လို့ပါ..(ဟာဂျူလီ-ကသာ)

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

ကြော်ငြာနေတာ မဟုတ်ပါ ၊အခက်အခဲတွေ ပြေလှယ်စေချင်လို့ပါ..(ဟာဂျူလီ-ကသာ)
*********************
လွန်ခဲ့တဲ့ နှစ်က မိတ်ဆွေတစ်ယောက်ရဲ့ ဖုန်းပျက်သွားပါတယ်၊ မန္တလေးက ဖုန်းဆိုင်အတော်များများကို ပြပြီး ပြင်မရတော့လို့ ပေါက်ခွဲတော့မယ်အချိန် ကျွန်တော်နဲ့ ရင်းနှီးတဲ့ ရိုးရိုးတို့ရဲ့ MPPG သင်တန်းကျောင်းနဲ့ ဆားဗစ်စင်တာကို ပို့လိုက်ပါတယ်၊
(၇)ရက်နေတော့ ကောင်းသွားပါတယ်၊
ကျွန်တော် ထိုင်း မသွားခင် တစ်လလောက်က ကျွန်တော် ကိုင်နေကျ ဆမ်ဆောင်း S4 လေး ပျက်သွားပါတယ်၊ပျက်တာက ပထမစက်ဟမ်းဟမ်းနေပါတယ်၊ နောက်တော့ ဆင်းကဒ်ကို မသိတော့ ပါဘူး၊အဲဒီကနေ ဆမ်းဆောင်းဆိုတကလွဲပြီး ဘာမှ သုံးမရတော့ပါဘူး၊
ကသာဖုန်းဆိုင်တွေကပြောတာ ဖမ်းဝဲလ်ကျတာဖြစ်နိုင်တယ်ဆိုပြီး မန္တလေးက ဆမ်းဆောင်းဆားဗ်စင်တာကို ပို့ဖို့ အကြံပေးပါတယ်၊ ၈၄လမ်းက ဆမ်းဆောင်းဆားဗ်စင်တာကိုပို့တော့ (၁)လလောက်ကြာမှ အဖြေပေးပါတယ်၊ ဆားကက်ပျက်တာတဲ့၊ (၁)သိန်း(၈)သောင်းကုန်မယ်၊
(၂)လလောက် ကြာမယ်ဆိုလို့ ပြန်ယူခဲ့ပါတယ်၊ လွန်ခဲ့တဲ့ (၁)ပတ်လောက်က ပြန်ယူခဲ့တာပါ၊ယူပြီးပြီးချင်းပဲ MPPG( ၈၆လမ်း-၃၄လမ်းထောင့်)ကို ပို့ပါတယ်၊ (၅)ရက်လောက်နေတော့ အကြောင်းပြန်ပါတယ်၊ ပြင်လို့ရတယ်၊(၅)သောင်းလောက်ကုန်ကျမယ်တဲ့၊
ကုမ္ပဏီရဲ့ တရားဝင် ဆားဗစ်စင်တာလိုနေရာမျိုးက (၂)သိန်းနီးပါးကျမယ်ဆိုထားမှတော့ ကျွန်တော်လည်း ၀မ်းသာအားရ ပြင်မယ်လို့ပဲ ပြောလိုက်ပါတယ်၊ မနေ့ကတော့ ကျွန်တော့်ဖုန်းလေး ပြန်ရခဲ့ပါပြီ၊် ဒီလို ပြန်ရအောင်ဆောင်ရွက်ပေးခဲ့တဲ့
MPPG က မရိုးရိုးနဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ဆိုတာနဲ့ ကျွန်တော့် FB မိတ်ဆွေများ ဖုန်းပျက်ပါက ဈေးနှုန်းတင့်သင့်စွာနဲ့ ပြင်နိုင်အောင် ဒီဆိုင်လေးအကြောင်း လက်တို့ရေးသားလိုက်ပါတယ်ခင်ဗျာ..။(ဟာဂျူလီ-ကသာ)

Share on Facebook

by herjulekatha
View 251 times
Posted Date September 10, 2015, 6:46 pm
Modified Date September 10, 2015, 6:46 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved