...ဟာဂျူလီ(ကသာ)



ဘဘကြီး အကွက်တွေက လှသည်....(ရွှန်းမီမီထက်)

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

ဘဘကြီး အကွက်တွေက လှသည်
***********
အားလုံးမျှော်လင့်ထားကြတာက
မုန့်ဟင်းခါးဆိုင်
အခု ဖြစ်လာတော့ ကော်ဖီဆိုင်
အကုန် ဟာခနဲ ဟင်ခနဲ ဖြစ်ကုန်သည်

မဖြစ် ခံနိုင်ရိုးလား
မုန့်ဟင်းခါးဆိုင် ဖွင့်ရဲဖွင့်ကြည့်
ဟင်းရည်အဆစ်ချည်း တစ်အိုးကုန်အောင်
ထည့်ခိုင်းမယ်လို့ ကြိမ်းသူကကြိမ်းထားသည်
ကြက်သွန်ဥ များများ မထည့်ပေးလို့ကတော့
ရှိတဲ့ဥ အတင်းထည့်ခိုင်းမယ်လို့ တေးထားသူလည်း ရှိသည်
အိုးဘဲဥတို့ ဘာတို့ပေါ့

ဒီသတင်းတွေ ဘဘကြီးလည်း
နားနဲ့မဆံ့အောင် ကြားရသည်
ကြားမှာပေါ့
သူ့အကြံပေးချည်းတင် သုံးကျိပ်ခွဲလောက် ရှိသည်ကိုး

ထားပါတော့
အခုတော့ သူ့ မုန့်ဟင်းခါးစားသုံးမည့်
ဖောက်သည် တေကို တစ်ကွက်ကျောသွားသည်
ကော်ဖီဆိုင်တဲ့
ကော်ဖီဆိုတာမျိုးက အားလုံးသိတဲ့အတိုင်း
အဆစ်တောင်းသောက်လို့ ရတာမဟုတ်

ပြီးတော့ ဘာမှမလို
ရေနွေးတစ်အိုး ကောက်တည်ထားရုံနဲ့
ကော်ဖီက ရောင်းလို့ရပီ
ဘာဥမှ ထည့်ပေးစရာမလိုတော့
ဘာမှစိတ်ပူစရာ မရှိ
ကြက်သွန်နီဥတွေ ဘာတွေ ဈေးတက်မှာ မစိုးရိမ်ရတော့ဘူးလေ

သူက အစကတည်းက
ကွက်ကျော်တော့ မြင်တတ်သည်
ဥပမာ
သူများဘောလုံးပွဲဆို သိသိ မသိသိ
တီဗွီရှေ့ ငုတ်တုတ် ထိုင်တတ်တာမျိုး
သူများသရက်သီးဟေ့ဆို သူက သရက်တစ်ပင်လုံးနဲ့ ဆဖီဆွဲပစ်တာမျိုး

ဘာပဲပြောပြော သူကတော့
မုန့်ဟင်းခါးချစ်သူတွေကို
တစ်ကွက်ကျောသွားပီ
စားဖို့ ပါးစပ်ပြင်နေသူတေသာ
ကိုယ့်လျှာကိုယ် ပြန်သိမ်းရသည်

မုန့်ဟင်းခါး မစားရမယ့် အတူတူတော့
သူပြောခဲ့တဲ့ စကားအတိုင်း
ပြန်ပြောရတော့မည်

"ကော်ဖီအစား နွားနို့သောက်ပါ"
(ရွှန်းမီမီထက်)

Share on Facebook

by herjulekatha
View 126 times
Posted Date May 31, 2016, 1:26 pm
Modified Date May 31, 2016, 1:26 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved