...ဟာဂျူလီ(ကသာ)



တရားသူကြီးအချို့ ဘယ်လို လာဘ်စားကြသလဲဆိုတာ ကွက်ကွက်ကွင်းကွင်းသိကြစေချင်လို့..(ဟာဂျူလီ-ကသာ)

ကြော်ငြာ များ ထည့်သွင်း နိုင် ပါပြီခင်ဗျာ Ph:0931582372,096468455, 07525240

တရားသူကြီးအချို့ ဘယ်လို လာဘ်စားကြသလဲဆိုတာ ကွက်ကွက်ကွင်းကွင်းသိကြစေချင်လို့..(ဟာဂျူလီ-ကသာ)
**********
ဂရိတ်ဝေါဦးတင်မောင်ရဲ့ဇနီး ဒေါ်နန်းလှစိန်အမှု ကွင်းလုံးကျွတ် လွတ်သွားတဲ့အပေါ်
တရားရေးမဏ္ဍိုင်မယိမ်းယိုင်လိုသူတွေနဲ့ NLDအစိုးရကို နာမည်မပျက်စေချင်တဲ့သူတွေအနေနဲ့
အထက်အဖွဲ့အစည်းအသီးသီးကို တိုင်ကြဖို့ တရားသူကြီးအနေနဲ့ မတော်မတရားလုပ်ထားရင် အရေးယူပေးဖို့ ရေးကြသားကြ ပြောကြ ဆိုကြတာတွေ ရှိနေပါတယ်၊ဒီအရေးအသားတွေကို ဖတ်ပြီး ကျွန်တော် အတော်ရယ်ချင်သွားမိပါတယ်၊ ( ဒေါ်နန်းလှစိန်အမှုကို လာဘ်စားသည်ဟု ဆိုလိုခြင်းမဟုတ်ပါ၊ )
တရားသူတွေ လာဘ်စားတယ်ဆိုတာ အခြားဌာနဆိုင်ရာတွေ လာဘ်စားသလို ဥပဒေမဲ့ စည်းလွတ်ဝါးလွတ် စားကြတာမျိုး မဟုတ်ကြပါဘူး၊ ဥပဒေအရ ဘောင်ဝင်အောင် လုပ်ပြီးမှ အားပါးတရ လာဘ်စားကြတာပါ၊ဒါမျိုးတွေကြောင့်လည်း ကိုယ့်ဘက်က မှန်နေရက်ကယ်နဲ့ အောက်ရုံးမှာလည်းရှုံး အယူခံအဆင့်ဆင့်မှာလည်းရှုံး ဖြစ်ကြရတာပါ၊ (အဲဒီလို ဘောင်ဝင်အောင်ဆွဲသွင်းပြီး လာဘ်စားခဲ့တဲ့ ကသာမြို့နယ်တရားသူကြီးကို သတင်းပညာနဲ့ ဖေါ်ထုတ်လိုက်တာ မျက်ရည်တောက်တောက်ကျသွားခဲ့ရပါတယ်၊ အဲဒီအကြောင်းကို "လွှတ်တော်ကိုယ်စားလှယ်များ သိထားကြစေချင်တဲ့ ဝန်ထမ်းအချို့တို့အကြောင်း" အခန်းဆက်ဆောင်းပါးရှည်ရေးသားနေပါပြီ၊ မကြာခင်ဖေါ်ပြပေးသွားပါ့မယ်)
ဥပမာအနေနဲ့ ရဲကဖမ်းခဲ့တဲ့ မူးယစ်အမှုတစ်ခု တရားရုံးကိုရောက်လာပြီဆိုပါစို့၊အမှုကလည်း
ပီပီပြင်ပြင်အမှု၊ တရားခံရဲ့အိပ်ထောင်ထဲကကို ရဲက သက်သေလူကြီးတွေရှေ့တင် ဖမ်းမိလိုက်တာ၊
တရားခံက သူ့အမှုလွှတ်အောင် တရားခံရှေ့နေကနေ(သို့မဟုတ်)သူကိုယ်တိုင် တရားသူကြီးဆီကို ဝင်ပါတယ်၊
တရားသူကြီးကလည်း လုံလောက်တဲ့ လာဘ်ငွေရတော့ တရားခံနဲ့ပါတ်သက်သူ(သို့မဟုတ်) တရားခံ ရှေ့နေကနေ နတ်လမ်းညွှန်ပြီး မေးခွန်းတစ်ခုမေးခိုင်းပါတယ်၊စစ်ထားတဲ့ ဆီးမပေါ်အောင်လည်း စဲကို လိုက်ခိုင်းပါတယ်၊ တရားခွင်ထဲရောက်တော့ တရားသူကြီး နတ်လမ်းညွှန်ထားတဲ့အတိုင်း ဖမ်းမိခဲ့တဲ့ ရဲနဲ့ သက်သေလူကြီးတွေကို တရားခံရှေ့နေက မေးပါတယ်၊
တရားခံရှေ့နေ။ ။ခင်ဗျားတို့ တရားခံကို ဖမ်းတော့ သူ့ရဲ့ ညာဘက်အိပ်ထောင်ထဲက မူးယစ်ဆေးဝါး မတွေ့ခဲ့ဘူး မဟုတ်လား၊
ရဲ(သို့မဟုတ်)သက်သေလူကြီး။ ။ဟုတ်ပါတယ်၊ ညာဘက်အိပ်ထောင်ထဲက မမိပါဘူး၊ ဒါပေမယ့်...
တရားခံရှေ့နေ။ ။ ဒါပေမယ့်တွေ ဘာတွေ မပြောပါနဲ့(ဟိန်းဟောက်သောလေသံဖြင့်) ခင်ဗျားကိုမေးနေတာက တရားခံရဲ့ ညာဘက်အိပ်ထဲက မူးယစ်ဆေးဝါး မိသလား မမိဘူးလား၊
ဒါပဲဖြေပါ၊
ရဲ(သို့မဟုတ်)သက်သေလူကြီး။ ။ ဟုတ် ဟုတ် ညာဘက်အိပ်ထောင်ထဲက မမိပါဘူး၊
(ရုံးချိန်းများစွာ ပြီးစီးသည့်နောက်) တရားသူကြီး၏ အပြီးသတ်စီရင်ချက်။ ။ ဤအမှုတွင်
ဆီးစစ်ဆေးချက်အရ တရားခံသည် မူးယစ်ဆေး သုံးစွဲကြောင်း မပေါ်ပေါက်ခဲ့သည့်အပြင်
တရားခံ၏ အိပ်ထောင်ထဲမှ မူးယစ်ဆေးများ မတွေ့ရှိခဲ့ကြောင်း ရဲနဲ့ သက်သေလူကြီးမျညးထွက်ဆိုခဲ့ခြင်းကြောင့် တရားခံ မောင်မောင်ဂျူအား ဤအမှုမှ
ကွင်းလုံးကျွတ် လွှတ်လိုက်သည်...(ဒန် တန့် တန်)
ဒီအမှုကို အထက်ရုံး အဆင့်ဆင့်တက်သော်လည်း အောက်စုံးအမိန့် တည်လေသတည်း၊
(မှတ်ချက် ယောက်ျားဝတ် အင်္ကျီများ၏ အိပ်ထောင်မှာ ညာဘက်တွင် မရှိဘဲ ဘယ်ဘက်တွင်သာ ရှိလေ၏)
(ဟာဂျူလီ-ကသာ)

Share on Facebook

by herjulekatha
View 134 times
Posted Date June 8, 2016, 3:57 pm
Modified Date June 8, 2016, 3:57 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved