...ဟာဂျူလီ(ကသာ)



ကသာခရိုင်ဆေးရုံမှာ အထူးကုတွေ လိုအပ်

လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ကြည်က
ကသာခရိုင်ဆေးရုံမှာ အထူးကုတွေ လိုအပ်နေကြောင်း ပြီးခဲ့တဲ့နှစ် ပြည်သူ့လွှတ်တော်မှာတင်ပြခဲ့ပါတယ်၊ အဲဒီလိုတင်ပြတောင်းခံမှူအပေါ်
ဒုဝန်ကြီးက ဒီနှစ်ကုန်ရင် စေလွှတ်ပေးမယ့်အကြောင်း ဖြေကြားခဲ့ပါတယ်၊ သို့ပေမယ့် အခုအချိန်အထိတော့ မေ့ဆေးရော OGရော အထွေထွေရော ဘယ်အထူးကုမှ ရောက်ရှိ မလာကြပါဘူး၊
အဲဒီလို မရောက်ရှိခြင်းဟာ စစ်ကိုင်းဒေသကြီးထဲက ကသာမြို့ဟာ အလှမ်းဝေးလို့ဆိုပြီး မလာချင်ကြတာလို့လည်း ကျန်းမာရေးဌာနက အတွင်းသိတွေက ဆိုပါတယ်၊
တကယ်တမ်းပြောရမယ်ဆိုရင် ကသာနဲ့မန္တလေးဟာ
ကားနဲ့သွားမယ်ဆိုရင် ၆နာရီ/၇နာရီပဲကြာတာပါ၊ အဲဒီခရီးကိုဝေးတယ်ဆိုတဲ့ အထူးကုအချို့ဟာ ၁၁နာရီ/၁၂နာရီလောက်ကြာအောင် မောင်းရတဲ့ မူစယ်ကိုတော့
အထက်အထက်တွေကို နည်းအမျိုးမျိုးနဲ့ပူဆော်ပသပြီး ပြောင်းရွေ့ကြ
ပြောင်းပြီးရင်လည်း အနေကြာအောင်ကြိုးစားနေကြပါသတဲ့၊
အဲဒါအပြင် မူစယ်မှာလည်း ဆေးခန်းငှားခ တစ်နှစ်ကို သိန်း၂၄၀
(သိန်းနှစ်ရာ့လေးဆယ်)ပေးပြီးဖွင့်လှစ်ကြပါတယ်တဲ့၊ အဲဒီမှာ
အများစုကုသပေးရတာကတော့ မြန်မာတွေကိုမဟုတ်ပဲ တယုတ်တွေကို ဖြစ်တယ်လို့လည်း ဆိုပါတယ်၊ တယုတ်ပြည်က သူတွေဟာလည်း သူတို့ပြည်မှာ အထူးကုတွေဈေးကြီးလို့ မူစယ်မှာ (သူတို့ငွေအရ) ဈေးပေါ့တဲ့အတွက် လာကုကြတာဖြစ်လို့ မူစယ်က အထူးကုအချို့ဟာ ငွေရွှင်ပြီး
အပေးအယူမျှမျှ ပူဆော်နိုင်ကြတာလို့သိရှိရပါတယ်၊ အဲဒီလို
တရားအားထုတ်(တယုတ်အားထား)နေတဲ့သူများကို ဝန်ကြီးအနေနဲ့
သိရှိပြီး အနေကြာအထူးကုတွေကို အပြောင်းအရွေ့လုပ်ပေးစေချင်နေကြတယ်လို့ ပြောဆိုလျှက်ရှိနေကြပါတယ်ခင်ဗျာ...။(ဟာဂျူလီ-ကသာ)

Share on Facebook

by herjulekatha
View 63 times
Posted Date April 21, 2017, 10:28 am
Modified Date April 21, 2017, 10:28 am


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved