...ဟာဂျူလီ(ကသာ)



သက်ပန်းဆရာတော်ကြီး ရဲ့ ဆာဂျေအေမောင်ကြီးကိုဆုံးမတဲ့စကား(ပိန္နဲသီးချော မချောပါနဲ့).....(ဟာဂျူလီ.ကသာ)

သက်ပန်းဆရာတော်ကြီး ရဲ့ ဆာဂျေအေမောင်ကြီးကိုဆုံးမတဲ့စကား(ပိန္နဲသီးချော မချောပါနဲ့).....(ဟာဂျူလီ.ကသာ)
ဒီဆုံးမစကားကို ဘယ်သမိုင်းဆရာမှ သိသေးပုံမပေါ်ပါဘူး၊ကျွန်တော်တောင် အသက်(၁၀၁)နှစ်ရှိပြီဖြစ်တဲ့ ဦးဥာဏ်ထွန်းမကွယ်လွန်ခင်ကပြောသွားခဲ့လို့သာ သိရတာပါ၊ဦးဥာဏ်ထွန်းဟာ အဲဒီတုန်းက သက်ပန်းဆရာတော်ကြီးရဲ့ခန်းနေဦးပဉ္စင်းပါ၊မြန်မာနိုင်ငံရဲ့ဘုရင်ခံ ကျန်းမာရေးကြောင့် အင်္ဂလန်ကိုပြန်တဲ့အချိန် ဆာဂျေအေ မောင်ကြီးက ယာယီဘုရင်ခံလုပ်နေတဲ့အချိန်..၊ ဆာဂျေအေ မောင်ကြီး တိုင်းခန်းလှည့်လည်ရင်း ကသာကိုရောက်လာပါတယ်၊တကယ်တော့ ဗန်းမော်ကအပြန် ကသာမှာ ညအိပ်ရပ်နားတာပါ၊သူတို့အဖွဲ့ကသာကို ညနေ၆နာရီလောက်မှာ မော်တော်တွေနဲ့ရောက်လာပါတယ်၊အဲဒီည(၉)နာရီမှာပဲ ကသာမြို့သက်ပန်းကျောင်းကို လာကြပါတယ်၊ သက်ပန်းကျောင်းကိုလာတော့ဆာဂျေအေ မောင်ကြီး မပါပေမယ့် သူ့ကိုယ်စား ဦးထွန်းအောင်(ဦးစောအမှု လိုက်ခဲ့သူ ရဲဝန်)ဦးဆောင်ပြီး ခရိုင်ဝန်တွေအပါအ၀င် လူအတော်များများပါလာကြပါတယ်၊သူတို့လာတော့ ဦးဥာဏ်ထွန်းနဲ့ အရင်တွေ့ပါသတဲ့၊ဦးထွန်းအောင်က ဦးဥာဏ်ထွန်းကို လျှောက်တာက“သူတို့အဖွဲ့ အခုလိုလာတာဟာ မြန်မာနိုင်ငံသံဃာ့သမ္မဂီဥက္ကဌသက်ပန်းဆရာတော်ကြီးကို လာဖူးတာဖြစ်ကြောင်း မနက်စောစောပြန်မှာမို့ သက်ပန်းဆရာတော်ကို လျှောက်ပေးဖို့ပြောလို့ ဦးဥာဏ်ထွန်းကိုလျှောက်ကြတယ်၊ဦးဥာဏ်ထွန်းကလည်း သက်ပန်းဆရာတော်ကို သွားပြီး ဘုရင်ခံနဲ့ အတူပါလာတဲ့ အဖွဲ့ရောက်နေကြောင်းသွားလျှောက်ပေးတော့ ဆရာတော်ကြီးက အိပ်ယာကထပြီး ဖူးခွင့်ပေးပါတယ်၊အဲဒီမှာ ဦးထွန်းအောင်က “တပည့်တော်တို့ကို ယာယီဘုရင်ခံက လွတ်လိုက်တာဖြစ်တဲ့အကြောင်း ဘုရင်ခံမှာ မိုးချုပ်နေတာကတစ်ကြောင်း၊ခရီးပမ်းလာတာကတစ်ကြောင်းတို့ကြောင့် လိုက်မလာတာဖြစ်တဲ့အကြောင်း၊သူတို့အဖွဲ့ အခုလိုလာတာကို ဆာဂျေအေမောင်ကြိးလာသကဲ့သို့မှတ်ယူဆုံးမပေးတော်မူပါလို့”သက်ပန်းဆရာတော်ကြီးကိုလျှောက်ပါတယ်၊ဒီတော့သက်ပန်းဆရာတော်ကြီးက အခုလို ဆုံးမပါတယ်၊
“အေး..ငါတို့ ဗမာစကားမှာ ရှိတယ်ကွဲ့၊အသီးအနှံတွေ လှပကြီးမားရင် “ချော”တယ်လို့ပြောကြတယ်၊အေး ဘူးသီး.သင်္ဘောသီး.ဖရုံ ဖရဲ လုံးပြောင်တဲ့အသီးကို ချောတယ်ပြောသလို ပိန္နဲ ဒူးရင်းကြက်ဟင်းခါးလို ဆူးချွန်တွေပြည့်နေတဲ့ အသီးကြီးကြီးကိုလည်း ချောတယ်လို့ပဲပြောတယ်၊ဒီတော့ မင်းတို့မောင်ကြီးကို ပြောလိုက်စမ်းပါ၊ချောတယ် ဆိုရင်ဘူးသီး.သင်္ဘောသီး.ဖရုံ ဖရဲ လိုပဲ ချောပါ၊ ပိန္နဲ ဒူးရင်းကြက်ဟင်းခါးလို မချောပါနဲ့”လို့ ..။ ဟာဂျူလီ(ကသာ)

Share on Facebook

by herjulekatha
View 64 times
Posted Date April 21, 2017, 10:33 am
Modified Date April 21, 2017, 10:33 am


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved