...ဟာဂျူလီ(ကသာ)



********************

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဘယ်သူတွေဖျက်ဆီးခဲ့တာလဲ...(ဟာဂျူလီ-ကသာ)
********************
မန်လည်ရာပြည့်ပွဲတော်လုပ်တဲ့နှစ်က မန်လည်ရွာမှာရောက်နေတဲ့
ဆရာချစ်(ဆရာချစ်ဦးညို)ကို သတင်းစကားတစ်ခုပြောဖြစ်ပါတယ်၊
“ကသာမှာ အသက်ရာကျော် ဦးဥာဏ်ထွန်းဆိုတဲ့ အဖိုးအိုတစ်ယောက် ရှိတဲ့အကြောင်း (ခုတော့ကွယ်လွန်သွားပါပြီ) အဖိုးဦးဥာဏ်ထွန်းဟာ ကသာမြို့သက်ပန်းကျောင်းမှာ ခန်းနေဦးပဉ္ဇင်း(လက်ထောက်ကျောင်းထိုင်)လုပ်ခဲ့ဖူးကြောင်း၊နောက် ပိုင်း ဦးဥာဏ်ထွန်းလူထွက်ပြီး လူမျိုးစုလွှတ်တော်အမတ်လုပ်ခဲ့ပါ ကြောင်း၊ကသာမြို့သက်ပန်းကျောင်းဆိုတာဟာ သက်ပန်းကျောင်းဆရာတော်က စောရန်ပိုင်မင်းသားကို မန္တလေးနေပြည်တော်မှ ကယ်ထုတ်ပြီး ဖွက်ထားခဲ့သော ကျောင်းဖြစ်ကြောင်း၊ သက်ပန်းကျောင်းဆရာတော်ဟာ မြန်မာနိုင်ငံသံဃ သမဂ္ဂီဥက္ကဌ ဖြစ်ကြောင်း၊ အဲဒီ သက်ပန်းကျောင်းဆရာတော်ရဲ့အနီးကပ်ဖြစ်တဲ့ ဦးဥာဏ်ထွန်းက (သူ့ကိုယ်တွေ့ဖြစ်ရပ်တစ်ခု) ကျွန်တော်ကိုအရေးကြီးတဲ့သမိုင်းတစ်စပြောကြားဖူးခဲ့ကြောင်း "ဆရာချစ်ကို ကျွန်တော်ပြောပြခဲ့ပါတယ်။
အဲဒါကတော့ ဦးဥာဏ်ထွန်းလူမထွက်ခင်တစ်ရက် သက်ပန်းကျောင်းကို လူတစ်ယောက်လာတည်းခိုကြောင်း
သူ့နာမည်ဟာ ဇေယျသိတ္တိမင်းသား လို့ခေါ်ပြီး သက်ပန်းကျောင်းဆရာတော်ရဲ့အခန်းထဲမှာ နာရီအတော်ကြာ
တံထားပိတ်စကားပြောကြပြီး နောက်ရက်မှာ ဇေယျသိတ္တိမင်းသားဟာ
ဗန်းမော် ကောင်းတုံဘက်ကို ခရီးထွက်သွားကြောင်း၊ ၁၀ရက်လောက်ကြာတော့ ပြန်ရောက်လာပြီး ဆရာတော်နဲ့စကား ပြောပြီး ညအိပ်ချိန်မှာ ဦးဥာဏ်ထွန်းနဲ့လာအိပ်ရင်း ဦးဥာဏ်ထွန်းကို
ဇေယျသိတ္တိမင်းသားက ရွှေပေလွှာပေါ်မှာ ကညစ်နဲ့ရေးထားတဲ့ စာကိုထုတ်ပြခဲ့ကြောင်း၊ စာမှာ ၂ကြောင်းတည်းသာရှိပြီး #သာယာဝတီမှာ အခြေအနေမကောင်းရင် ရှမ်းပြည်ကိုဆုတ်...
ဂရုဏရာဇာ #ဆိုပြီး စောရန်ပိုင်မင်းသားကြီး လက်မှတ်နှင့် ဂဋန်ရုပ်ပုံ
လက်စွပ်တံဆိပ်တော်လည်း ရိုက်နှိပ်ထားကြောင်းပြောပြပြီး
ဦးဥာဏ်ထွန်းအနေနဲ့ ဆရာစံဟာ ဂဋန်တပ်ဖွဲ့ရဲ့ခေါင်းဆောင်ဆိုတာ
ပြယုဂ်ဖြစ်ပြီး ဂဋန်တပ်ဖွဲ့ရဲ့တကယ့်ခေါင်းဆောင်အစစ်ဟာ စောရန်ပိုင်မင်းသားကြီးဖြစ်မယ်လို့ သူအခိုင်အမာယုံကြည်ကြောင်း ပြောပြပါတယ်၊ဦးဥာဏ်ထွန်းဆီကပြန်လာပြီးတော့ ကျွန်တော်သမိုင်းစာအုပ်လှန်ပြီး လေ့လာပါတယ်၊ အဲဒီမှာ ဦးဥာဏ်ထွန်းပြောသလို ဖြစ်နိုင်တဲ့အချက်တွေကို တွေ့ရပါတယ်၊
(၁) ဂဋန်ဆရာစံဟာ ရာဇသိဒ္ဓိခံစဉ်က မင်းမြောက်တံဆာတစ်ပါးချန်ထားခဲ့ခြင်း
(၂) မိမိလူမျိုး၏ခေါင်းဆောင်မှုကိုသာ ခံယူလေ့ရှိသည့်ရှမ်းလူမျိုး များသည်ဂဋန်ဆရာစံအမိန့်ကို နာခံနေကြခြင်း
(၃) ဗန်းမော် ကောင်းတုံဘက်တွင်တိမ်းရှောင်နေသော စောရန်ပိုင် မင်းသားကြီးသည် တနင်္ဂနွေသား(ဂဋန်)ဖြစ်နေခြင်း
(၄) သမိုင်းမှတ်တမ်းများအရ စောရန်ပိုင်မင်းသားကြီးသည် အင်္ဂလိပ်လက်အောက်မနေလို၍ တွန်လှန်ရန်ထွက်လာသည်ဟု
ဆိုသော်လည်း မည်သည့်တော်လှန်မှုမျိးမှ မတွေရခြင်းတို့ကြောင့်
“ သုပဏ္ဍက ဂရုဏရာဇာ ရှဲဒိုးလော" ဆိုပြီးဆောင်းပါးရေးပြီးဂျာနယ် တွေကိုပို့ပါတယ်၊ ဒါပေမယ့်စာပေကင်ပေတိုင်(စာပေစိစစ်ရေးက
ခွင့်မပြုပဲ ပိတ်ပါတယ်။ အဲဒီအကြောင်းလေး ဆရာချစ်ကိုပြောတော့
ဆရာချစ်က ရယ်ပြီး အခုလိုပြောပါတယ်၊
“ရိုးပါ့ ကိုဟာရာ၊ အခုခေတ်က(ဦးသန်းရွှေခေတ်)က ဘယ်အရာမဆို
တိုင်းရင်းသားတွေက မြန်မာကိုဦးဆောင်တဲ့ သမိုင်းမရှိစေရဘူးဗျ၊ "
(ဟာဂျူလီ-ကသာ)
မှတ်ချက်။ ။သမိုင်းမှန်မြတ်နိုးသူများ ဒီအစပေါ်အခြေခံပြီး ဖေါ်ထုတ်ကြစေချင်ပါတယ်။

Share on Facebook

by herjulekatha
View 68 times
Posted Date April 21, 2017, 10:34 am
Modified Date April 21, 2017, 10:34 am


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved